ကိုကိုလေး/ဧရာဝတီတိုင်းမ်
သြဂုတ်လ ၇ ရက်

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ အင်ပင်မြို့တိုက်နယ်၊ ကညင်ငူကျေးရွာနေ စစ်ကောင်စီသတင်းဟုဆိုသူ အမျိုးသမီး ၁ ဦး သြဂုတ်လ ၆ ရက် မနေ့ ညနေပိုင်းက သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက် ဒေသခံပြည်သူ ၂၀ ကျော်ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေဆီးက သိရပါတယ်။

စစ်တပ်သတင်းပေး အမျိုးသမီး ဒေါ်သန္တာ ဆိုသူ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့နောက်မှာ ဒေသခံပြည်သူ ၂၀ ကျော်ကို သြဂုတ်လ ၆ ရက်နေ့ညပိုင်းမှာပဲ စစ်ဆေးမေးမြန်းစရာတွေရှိတယ် လို့ ဆိုကာ စစ်ကောင်စီတပ်တွေက နေအိမ်အတွင်းဝင်ရောက် ဖမ်းဆီးသွားတာတွေပြုလုပ်သွားတယ် လို့ ဒေသခံတွေက ဆိုပါတယ်။

” လင်ရောမယားရော ဒလန်တွေ လမ်းတာဆုံမှာ ကွမ်းယာရောင်းပြီး ကြံ့ခိုင်ရေးကအဖွဲ့တွေ အုပ် စုဖွဲ့ထိုင်ကြတယ်။ ဒါကြောင့် မနေ့က သေနတ် သုံးချက်နဲ့ မယားဖြစ်သူ ပစ်သတ်ခံရတာပါ။ အဲဒီနောက်ပိုင်း ညတွင်းချင်ပဲ အနီးနားက ပြည်သူတွေ ဖမ်းဆီးခံလိုက်ရတယ် ပစ္စည်းရှိတဲ့သူတွေ ပိုများတယ် အဖမ်းခံရတာ”လို့ ကညင်ငူ ဒေသခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ အမျိုးသမီး ဒေါ်သန္တာမှာ နဖူး ၂ ချက် ဝမ်းဗိုက် ၁ ချက် စုစုပေါင်း သေနတ် ဒဏ်ရာ ၃ ချက်နဲ့ အင်ပင်မြို့တိုက်နယ် ဆေးရုံမရောက်မှီ လမ်းမှာပဲ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

အဆိုပါ စစ်ကောင်စီသတင်းပေး ဒေါ်သန္တာ ကို နဂါးနီတော်လှန်ရေးတပ်ဖွဲ့ နှင့် ရိုးမဧရာဝတီPDF အဖွဲ့တို့ပူးပေါင်းကာ သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ နဂါးနီတော်လှန်ရေးတပ်ဖွဲ့နှင့်ရိုးမ ဧရာဝတီPDFအဖွဲ့က ထုတ်ပြန်ထားပါသေးတယ်။

ဓာတ်ပုံ-HNK