ဧရာဝတီတိုင်းမ်
(ဖြူး)၊ မေ ၃၀ ရက်

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာကျေးရွာ‌အရှေ့ဘက်ရှိ ဥသျှစ်ခင်အနောက်ရွာကို ယမန်နေ့ မေ ၂၉ ရက်နေ့တွင် စစ်ကောင်စီက အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက်အပြည့်သေးသည့် ကလေးနှစ် ဦး အပါအဝင် ဒေသခံ သုံး ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ-၄၃၉ တပ်ရင်းသည် ကျေးရွာများအတွင်းသို့ အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ ဥသျှစ်ခင် ရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ သုံး ဦး သေဆုံးကာ ခြောက် ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

သေဆုံးသူများမှာ မိသားစုများဖြစ်ကာ နေအိမ်တွင် စကားပြောနေစဉ် အိမ်ခေါင်မိုးပေါ်လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အဖွားဖြစ်သူ ဒေါ်နွဲ့ အပါအဝင် (၁) နှစ်သားအရွယ်မြေးကလေး နှင့် မြေးမ ဖြစ်သူ မအိအိ(၁၇) နှစ် တို့မှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံများထံက သ်ိရသည်။

ထို့ပြင် ဒေါ်သန္တာ၊ ဒေါ်မာမာလွင်၊ ခလေးငယ် တစ်ဦး၊ မအိထက်စန္ဒီကျော်၊ ဦးကျော်မိုး၊ ဒေါ်မိုးစန္ဒာအေး တို့မှာလည်း လက်နက်ကြီးကျည်စထိမှန်ကာ ဒဏ်ရာအပြင်းအထန်ရခဲ့ကြ‌ကြောင်း သိရသည်။

မအိထက်စန္ဒီကျော်၏ မိဘများဖြစ်သည့် ဦးကျော်မိုး၊ ဒေါ်မိုးစန္ဒာအေး တို့မှာ လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာ‌ကြောက့် ညာဘက်ဒူးအောက်ဖြတ်ပစ်ရမည် ဖြစ်ကြောင်းလည်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးသုံးနှစ်တာကာလအတွင်း စစ်တပ်နှင့် ၎င်းတို့လက်အောက်ခံတပ်ဖွဲ့များမှ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့် ပြည်သူ စုစုပေါင်း ၅၁၆၁ ဦးရှိပြီး ယခု မေလအတွင်း လက်နက် ကြီး ထိမှန်မှုကြောင့် သေဆုံးခဲ့ရသူ ၅၂ ဦး ရှိကြောင်းလည်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ယနေ့ မေ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ပေးပို့

#ဖြူး #လက်နက်ကြီးပစ်ခတ်ခံရ #ခမရ၄၃၉တပ်ရင်း #ဒေသခံသေဆုံး #Ayeyarwaddy_Times