ဧရာဝတီတိုင်းမ်
မေ ၃၀ ရက်

ယူကရိန်းက အနောက်နိုင်ငံတွေ ထောက်ပံ့ပေးထားတဲ့ စစ်လက်နက်တွေနဲ့ ရုရှားစစ်စခန်းတွေ ကို တိုက်ခိုက်ခွင့်ရှိတယ်လို့ ပြင်သစ်နဲ့ဂျာမနီနိုင်ငံတွေက ပူးတွဲ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါ တယ်။

တာဝေးပစ်ဒုံးကျည်တွေ အပါအဝင် ယူကရိန်းသို့ ထောက်ပံ့ပေးထားတဲ့ စစ်လက်နက်တွေနဲ့ ရု ရှားစစ်စခန်းတွေကို တိုက်ခိုက်ခွင့်ရှိတယ်လို့ ပြင်သစ်သမ္မတ အီမန်နူရယ်မေခရွန်က ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှိုးနဲ့အတူ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ယူကရိန်းမြေဟာ ရုရှားနိုင်ငံတွင်းက စစ်စခန်းတွေကနေ တိုက်ခိုက်တာကို ခံနေရပါတယ်။ ဒါ ကြောင့် ယူကရိန်းကလဲ အနောက်နိုင်ငံတွေ ထောက်ပံ့ပေးထားတဲ့ စစ်လက်နက်တွေနဲ့ ရုရှားနိုင်ငံတွင်း က စစ်စခန်းတွေကို တိုက်ခိုက်ခွင့်ရှိပါတယ်” လို့ မေခရွန်က ဂျာမနီခရီးစဉ်အတွင်း ကြေညာခဲ့ပါတယ်။

သို့သော်လည်း ရုရှားနိုင်ငံတွင်းရှိ စစ်ရေးမဟုတ်သော ပစ်မှတ်တွေကို တိုက်ခိုက်ခွင့်မပြုဖို့ အရေး ကြီးတယ်လို့ သူက ထောက်ပြပါတယ်။

ယူကရိန်းဟာ အပြည်ပြည်ဆိုင်ရာဉပဒေအရ အနောက်နိုင်ငံတွေ ပေးထားတဲ့ လက်နက်တွေနဲ့ ကိုယ့်ပိုင်နက်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်လို့ ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှိုးက ပြောပါတယ်။

ယူကရိန်းသမ္မတ ဇီလန်စကီးဟာ ရုရှားပိုင်နက်ကို တိုက်ခိုက်ရာမှာ အနောက်နိုင်ငံထုတ် စစ် လက်နက်တွေ အသုံးပြုခွင့်ရဖို့ မဟာမိတ်တွေထံနေ ခွင့်ပြုချက်တောင်းခံနေတာ ကြာမြင့်ပြီဖြစ်ပါတယ်။

ယူကရိန်းရဲ့ လက်နက်အများဆုံးထောက်ပံ့သူ အမေရိကန်နိုင်ငံကတော့ ပဋိပက္ခအရှိန်မြှင့်လာ မှာကို စိုးရိမ်လို့ ရုရှားပိုင်နက်အတွင်းရှိ ပစ်မှတ်တွေကို ယူကရိန်းက အနောက်နိုင်ငံထုတ် လက်နက်တွေ နဲ့ တိုက်ခိုက်တာကို မထောက်ခံခဲ့ပါဘူး။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က မူဝါဒအပြောင်းအလဲ ပြုလုပ်ဖွယ်ရှိတာ ကို အရိပ်အမြွက်ထုတ်ပြောခဲ့ပြီး ပြောင်းလဲနေသော အခြေအနေတွေကြောင့် အမေရိကန်ရဲ့ ယူကရိန်း အတွက် ပံ့ပိုးကူညီမှုကို ပြောင်းလဲနိုင်တယ်လို့ ဆိုပါတယ်။

ကိုးကား – ANI
Ref; France, Germany back Ukraine’s right to target Russian bases with weapons

#Ayeyarwaddy_Times