
ဧရာဝတီတိုင်းမ်
မေ ၃၀ ရက်
မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီ လိုအပ်သူဟာ ၁၇ ဒသမ ၆ သန်းမှ ၁၈ ဒသမ ၆ သန်းအထိ မြင့်တက်လာခဲ့ပြီး စစ်ဘေးရှောင်ဉီးရေဟာ ၂၀၂၃ ခုနှစ်မှာ ၁ ဒသမ ၈ သန်းရှိရာမှ လက်ရှိမှာ ၃ သန်းအထိ ရှိလာခဲ့ပြီလို့ ဗြိတိန်နိုင်ငံက ကမကထပြုလုပ်တဲ့ မြန်မာလူငယ်နှင့် ကလေးငယ်များဆိုင်ရာ ကုလသမဂ္ဂအစည်းအဝေးမှာ ဗြိတိန်သံအမတ်ကြီး ဂျိမ်းစ်ကာရီအော်ကီက ပြောပါ တယ်။
မြန်မာလူငယ်တွေနဲ့ ကလေးငယ်တွေဟာ စစ်အာဏာသိမ်းမှုနဲ့ အရပ်သားတွေအပေါ် ဖိနှိပ်မှု ကြောင့် ဖြစ်လာခဲ့တဲ့ အကျပ်အတည်းဒဏ်ကို ခံနေရတယ်လို့ သူက ဆိုပါတယ်။
လူငယ်နဲ့ကလေးငယ် ထက်ဝက်ကျော်ဟာ ကျောင်းထွက်ရကြောင်း၊ ပုံမှန်ကာကွယ်ဆေးတွေ မထိုးရသလို စားနပ်ရိက္ခာ မဖူလုံမှု မြင့်တက်လာမှုနဲ့အတူ အများစုဟာ အာဟာရမပြည့်ဝမှု ခံစားနေရ တယ်လို့ ၎င်းက ပြောပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စားနပ်ရိက္ခာ မဖူလုံမှု ဆိုးရွားလာတဲ့အခြေအနေကို ပိုပြီး အာ ရုံစိုက်ဖို့ လိုအပ်ကြောင်း၊ မြန်မာပြည်သူ ၁၃ သန်းကျော်ဟာ ဆိုးရွားသော စားနပ်ရိက္ခာမဖူလုံမှုကို ကြုံ တွေ့ရမယ်လို့ မျှော်မှန်းရကြောင်း သူက ထောက်ပြပါတယ်။
ဗြတိန်နိုင်ငံက ၂၀၂၃ ခုနှစ်အတွင်း မြန်မာပြည်သူ ၁ ဒသမ ၈ သန်းကို အာဟာရနဲ့ သက်မွေးပ ညာတွေ ပံ့ပိုးကူညီခဲ့တယ်လို့ သိရပါတယ်။
လူငယ်နဲ့ ကလေးငယ်တွေ ပညာရေးနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ ပိုမို ရရှိဖို့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။ ၂၀၂၄ ခုနှစ် ပထမ ၅ လအတွင်း မြန်မာနိုင်ငံမှာ ကလေးငယ် ၁၅၀ နီးပါး သတ်ဖြတ်ခံ ခဲ့ရတဲ့အပေါ် အလွန်အမင်း စိုးရိမ်မိတယ်လို့ ၎င်းက ထုတ်ပြောပါတယ်။
အဓမ္မ တပ်သားသစ်စုဆောင်းမှု၊ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုနဲ့ အိုးအိမ်စွန့်ခွာရမှုတွေ တိုး လာတာ၊ ရိုဟင်ဂျာနဲ့ ရခိုင်လူမျိုးတွေ အပါအဝင် အရပ်သားအားလုံးနဲ့ တိုင်းရင်းသားတွေအပေါ် အကြမ်း ဖက်မှုတွေ သက်ရောက်စေတဲ့ သတင်းတွေကိုလည်း ကြားနေရတယ်လို့ သူက ဆိုပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့အညီ စာသင်ကျောင်းတွေနဲ့ ကျန်းမာရေး အဆောက်အ ဉီတွေ အပါအဝင် အရပ်သားတွေနဲ့ အရပ်ဘက် အခြေခံအဆောက်အဉီတွေကို ပစ်မှတ်ထား တိုက်ခိုက် တာတွေ ရပ်တန့်ဖို့ မြန်မာစစ်တပ်ကို တောင်းဆိုတယ်လို့ ၎င်းက ပြောပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ မှာ ဖော်ပြထားတဲ့အတိုင်း အကြမ်း ဖက်မှုပုံစံအားလုံး ချက်ချင်း ရပ်တန့်ဖို့ ၎င်းက မြန်မာစစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။
ကိုးကား – https://www.gov.uk
Ref; Myanmar’s children are bearing the brunt of this crisis: UK statement by Ambassador James Kariuki at the UK-hosted UN Arria meeting on youth and children in Myanmar
#Ayeyarwaddy_Times