ဧရာဝတီတိုင်းမ်
သြဂုတ်လ ၇ ရက်

တရုတ်က ထိုင်ဝမ်ကျွန်းကို တိုက်ခိုက်သိမ်းပိုက်သည့် ပုံစံတူစစ်ရေးလေ့ကျင့်တာဟာ ရန်စပြီး တာဝန်မဲ့ သော လုပ်ရပ်တွေဖြစ်တယ်လို့ အမေရိကန်နိုင်ငံက စွပ်စွဲလိုက်ပါတယ်။

တရုတ်နိုင်ငံက ထိုင်ဝမ်နဲ့ပတ်သက်လို့ ရှိယင်းစွဲအခြေအနေကို ပြောင်းလဲဖို့ကြိုးပမ်းနေတယ်လို့ အိမ်ဖြူ တော်က ပြောကြားပါတယ်။ အောက်လွှတ်တော်ဥက္ကဌ နန်စီပီလိုစီဦးဆောင်တဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်ကို သွားရောက်ပြီးနောက် တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။

နန်စီပီလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်က မိမိရဲ့အချုပ်အချာအာဏာကို စိန်ခေါ်မှုတစ်ခုအဖြစ် တရုတ်နိုင်ငံက ရှု မြင်ပါတယ်။ တရုတ်စစ်သင်္ဘောတွေနဲ့ တိုက်လေယာဉ်တွေက ထိုင်ဝမ်ရေလက်ကြားမှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

တရုတ်ရဲ့စစ်ရေးလေ့ကျင့်မှုတွေက ထိုင်ဝမ်ကျွန်းကို သိမ်းပိုက်သည့် ပုံစံတူတိုက်ခိုက်မှုတစ်ခုဖြစ်တယ်လို့ ထိုင်ဝမ်စစ်တပ်က ပြောပါတယ်။ တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှုတွေနဲ့ပတ်သက်လို့ မှတ်ချက်မပေးပေမယ့် ထိုင်ဝမ်ဝန်းကျင်မှာ ဒီနေ့အထိ စစ်ရေးလေ့ကျင့်မှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။

“ဒီစစ်ရေးလေ့ကျင့်မှုတွေက ရန်စပြီး တာဝန်မဲ့တဲ့ အပြုအမူတွေဖြစ်ကာ တင်းမာမှုတွေဖြစ်စေတယ်” လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားပါတယ်။

အောက်လွှတ်တော်ဥက္ကဌ နန်စီပီလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်က ထိုင်ဝမ်ရေလက်ကြားတစ်လျောက် ငြိမ်းချမ်း ရေးနဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်ခဲ့တယ်လို့ တရုတ်နိုင်ငံက ပြောပါတယ်။

တရုတ်နိုင်ငံက ထိုင်ဝမ်ကို လက်အောက်ခံပြည်နယ်တစ်ခုအဖြစ် ရှုမြင်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ထိုင် ဝမ်လွတ်လပ်ရေးကို အသိအမှတ်ပြုတဲ့ အရိပ်အမြွက်စကားတွေက တရုတ်နိုင်ငံက အမျက်ထွက်စေပါတယ်။

ရာသီဥတုပြောင်းလဲမှု၊ စစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုနဲ့ နိုင်ငံတကာရာဇဝတ် တိုက်ဖျက်ရေးကြိုးပမ်းမှုတွေ အပါအဝင် နယ်ပယ်အသီးသီးမှာ အမေရိကန်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှု ရပ်တန့်လိုက်ပြီလို့ တရုတ်နိုင်ငံက ကြေညာလိုက်ပါတယ်။

ကိုးကား – BBC
Ref; Taiwan: US hits out at ‘irresponsible’ China amid attack rehearsal claims