ဧရာဝတီတိုင်းမ်
မေ ၃၀ ရက်

ရုရှားနိုင်ငံပိုင် နျူကလီးယားစွမ်းအင်ကုမ္ပဏီ Rosatom က မြန်မာနဲ့ ကာဂျစ္စတန်မှာ အသေးစား နျူကလီးယားဓာတ်အားပေးစက်ရုံ (NPPs) တွေ တည်ဆောက်ဖို့ ပဏာမဖြစ်နိုင်ချေလေ့လာမှုတွေ ပြု လုပ်ဖို့ ပြင်ဆင်လိုက်ပြီလို့ သိရပါတယ်။

Rosatom ရဲ့ လက်အောက်ခံလုပ်ငန်းဖြစ်တဲ့ Atomenergoprom JSC က နှစ်စဉ်ထုတ်ပြန်နေကျ အစီရင်ခံစာမှာ အခုလို ဖော်ပြတာဖြစ်ပါတယ်။

မြန်မာနဲ့ ကာဂျစ္စတန်နိုင်ငံတွေမှာ အသေးစား နျူကလီးယားဓာတ်အားပေးစက်ရုံ (NPPs) တွေ တည်ဆောက်ရေး စီမံကိန်းအတွက် အကြိုဖြစ်နိုင်ချေလေ့လာမှုတွေ လုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်လို့ အစီ ရင်ခံစာက ဆိုပါတယ်။

Rosatom က ဒီနှစ်အတွင်း အာဖရိက၊ လက်တင်အမေရိကန်နဲ့ အရှေ့တောင်အာရှဒေသရှိ တိုင်း ပြည်တွေနဲ့ အသေးစား နျူကလီးယားဓာတ်အားပေးစက်ရုံ (NPPs) ဆိုင်ရာ ပထမဆုံး သဘောတူညီ ချက်တွေ ရရှိဖို့ ရည်မှန်းထားပါတယ်။

စွမ်းအင်ဈေးကွက်က ဖောက်သည်တွေရဲ့ စိတ်ဝင်စားမှုတွေဟာ ထုတ်လုပ်မှုပမာဏနဲ့ ငွေကြေး မတည်မှုဘက်ကို ပြောင်းလဲလာတာကြောင့် Rosatom က ဒီနှစ်အတွင်း အသေးစား နျူကလီးယားဓာတ် အားပေးစက်ရုံ (NPPs) တွေ တည်ဆောက်ရေး အထူး အလေးထားမယ်လို့ အစီရင်ခံစာက ဖော်ပြပါ တယ်။

အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရင်ဆိုင်နေရတဲ့ ရုရှားနိုင်ငံဟာ ကမ္ဘာ့အပယ်ခံတိုင်း ပြည်အချို့နဲ့ စွမ်းအင်ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်နေပါတယ်။

ကိုးကား – TASS
Ref; Rosatom prepares pre-feasibility studies for NPPs for Myanmar and Kyrgyzstan

#Ayeyarwaddy_Times