ဧရာဝတီတိုင်းမ်
မေ ၃၀ ရက်

မြန်မာပြည်တွင်း မော်လိုက်မြို့အခြေပြုပြီး ယမန်နေ့ မေ ၂၉ ရက် ည ၇ နာရီ ၄၃ မိနစ်၊ ၂၇ စက္ကန့်တွင် အင်အား ရစ်(ခ်)တာစကေး ၅ ဒသမ ၅ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်လှုပ်ခတ်ကြောင်း စစ်ကောင်စီ၏မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက ထုတ်ပြန်သည်။

အဆိုပါမြေငလျင်လှုပ်ခတ်မှုအရှိန်ကို မုံရွာမြို့၊ ရေဦးမြို့နှင့် မန္တလေးမြို့ပတ်ဝန်းကျင် အထိလှုပ်ခတ်မှုဒဏ်ခံရကြောင်း သိရသည်။

စစ်ကိုင်းအထက်ပိုင်း၊ မော်လိုက်မြို့၏ အရှေ့တောင်ဘက် ၁၄ မိုင်ခန့်အကွာတွင် အနက် ၉၃ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၅ ဒသမ ၅ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း တမူးမြေငလျင် စခန်းမှ တိုင်းထွာရရှိခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ – မိုးဇလ

#စစ်ကိုင်းတိုင်း #မော်လိုက် #ငလျင်လှုပ် #အင်အားအသင့်အတင့်ရှိ #Ayeyarwaddy_Times