ဧရာဝတီတိုင်းမ်
မေ ၂၉ ရက်

ထိုင်းနိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွင်း ကွန်ဒိုတိုက်ခန်း ဝယ်ယူတဲ့ နိုင်ငံခြားသားတွေထဲမှာ မြန်မာနိုင် ငံသားတွေ ဒုတိယအများဆုံးဖြစ်တယ်လို့ အိမ်ခြံမြေသတင်းအချက်အလက်စင်တာ (REIC) ရဲ့ ပြော ကြားချက်အရ သိရပါတယ်။

၂၀၂၄ ခုနှစ်အတွင်း နိုင်ငံခြားသားတွေကို လွှဲပြောင်းပေးခဲ့တဲ့ ကွန်ဒိုတိုက်ခန်းတွေရဲ့ အရေအ တွက်နဲ့တန်ဖိုးဟာ ၄ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ဘတ် ၁၈ ဘီလီယံတန်ကြေးရှိ တိုက်ခန်းအ ရေအတွက် ၄၀၀၀ နီးပါးဖြစ်တယ်လို့ REIC ရဲ့ ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဗီချိုင်းဗီရတ်ကာပန်က ပြော ပါတယ်။

“သတိပြုစရာကတော့ မြန်မာနိုင်ငံမှ ဝယ်လက်တွေက ၂၀၂၄ ခုနှစ်အတွင်း ပထမဆုံးအကြိမ်အ ဖြစ် ထိုင်းကွန်ဒိုတိုက်ခန်း ဝယ်ယူသူစာရင်းမှာ ဒုတိယလိုက်တာပါ” လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံသားတွေဟာ ၂၀၂၂ ခုနှစ်အတွင်း ကွန်ဒိုတိုက်ခန်း အရေအတွက်နဲ့ ပမာဏအများဆုံး ဝယ်ယူသူစာရင်းမှာ ပါဝင်ခဲ့ပြီးနောက်ပိုင်း ထိပ်တန်း ၁၀ စာရင်းမှာ ဆက်လက်ပါဝင်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေက ဗန်ကောက်၊ ဆမွတ်ပရာကန်၊ ချွန်ဘူရီ၊ ချင်းမိုင်နဲ့ တက်ခ်ခရိုင်မှာ ကွန်ဒို တိုက်ခန်းနဲ့ အိမ်တွေ ဝယ်ယူခဲ့တာလို့ REIC ရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။

မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံမှာ ကွန်ဒိုဝယ်ယူတဲ့စာရင်းမှာ ဒုတိယနေရာ ရောက်ရှိခဲ့လို့ တရုတ်နိုင်ငံသားတွေပြီးရင် နှစ်ပေါင်းများစွာကြာ ဒုတိယနေရာရှိခဲ့တဲ့ ရုရှားနိုင်ငံသားတွေရဲ့နေရာကို ဆက်ခံလိုက်တာဖြစ်ပါတယ်။

“ကျွန်တော် မကြာသေးမီက တက်ခ်ပြည်နယ်၊ မဲဆောက်ခရိုင်ကို သွားရောက်ခဲ့ရာမှာ ခရိုင်တွင်း က တန်ဖိုးနည်းအိမ်ယာတွေ ရောင်းအားကောင်းခဲ့ပြီး ထိုင်းနာမည်ခံပြီး မြန်မာနိုင်ငံသားတွေက ဝယ်ယူ ခဲ့ကြတာပါ။ မြန်မာနိုင်ငံသားတွေဟာ ဘေးကင်းတဲ့ဇုန်တစ်ခု ရှာဖွေနေကြတာပါ” လို့ ဗီချိုင်းက ပြောပါ တယ်။

၂၀၂၄ ခုနှစ်အတွင်း တရုတ်နိုင်ငံသားတွေက ဘတ် ၇ ဒသမ ၅၇ ဘီလီယံတန်ကြေးရှိ ကွန်ဒိုတိုက် ခန်း ၁၅၉၆ ခန်းနဲ့ ပထမ၊ မြန်မာနိုင်ငံသားတွေက ဘတ် ၂ ဒသမ ၂ ဘီလီယံတန်ကြေးရှိ ကွန်ဒိုတိုက်ခန်း ၃၉၂ ခန်းနဲ့ ဒုတိယနဲ့ ရုရှားနိုင်ငံသားတွေက ဘတ် ၉၂၄ သန်းတန်ကြေးရှိ ကွန်ဒိုတိုက်ခန်း ၂၉၅ ခန်း ဝယ် ယူခဲ့ကြတာပါ။

ကိုးကား – Bangkok Post
Ref; Foreign buyers drive Q1 condo sales
#Ayeyarwaddy_Times