
ဧရာဝတီတိုင်းမ်
မေ ၂၉ ရက်
တနင်္လာနေ့က မြောက်ကိုရီးယားနိုင်ငံရဲ့ စတုတ္ထမြောက် စစ်ဘက်သူလျှိုဂြိုဟ်တုတစ်လုံး လွှတ် တင်မှုက မအောင်မြင်ခဲ့ဘူးလို့ ခေါင်းဆောင်ကြီး ကင်ဂျုံအန်က ဝန်ခံလိုက်ပါတယ်။
ကင်ဂျုံအန်ဟာ မနေ့က သူလျှိုဂြိုဟ်တုတွေ တည်ဆောက်တဲ့ စစ်တက္ကသိုလ်မှာ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့တယ်လို့ အာဏာရ အလုပ်သမားပါတီရဲ့အာဘော် ရိုဒေါင်ဆင်မွန်သတင်းစာက ဖော်ပြပါ တယ်။
စစ်ဘက်သူလျှိုဂြိုဟ်တု သယ်ဆောင်လာတဲ့ ဒုံးပျံတစ်စင်းဟာ လေထုထဲ ပေါက်ကွဲခဲ့တယ်လို့ ကင်ဂျုံအန်က မိန့်ခွန်းအတွင်း ထည့်သွင်းပြောပါတယ်။
မြောက်ကိုရီးယားက အမေရိကန်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေ၊ ရန်လိုသော အပြုအမူတွေကို တန် ပြန်ရမှာဖြစ်လို့ စစ်ဘက်သူလျှိုဂြိုဟ်တု ပိုင်ဆိုင်ခွင့်ရရေးဟာ တရားမျှတတယ်လို့ သူက ဆိုပါတယ်။
မြောက်ကိုရီးယားရဲ့ ကာကွယ်ရေးစွမ်းရည်တွေကို မြှင့်တင်ဖို့အပြင် ခြိမ်းခြောက်မှုတွေကနေ တိုင်းပြည်ကိုကာကွယ်ဖို့ ဂြိုဟ်တုတွေ လိုအပ်တယ်လို့ ၎င်းက ပြောပါတယ်။
စစ်ဘက်သူလျှိုဂြိုဟ်တု လွှတ်တင်မှု မအောင်မြင်ခဲ့ပေမယ့် စိတ်ပျက်သွားမှာမဟုတ်ဘဲ ကြိုးပမ်း အားထုတ်မှုတွေ ပိုမိုပြုလုပ်မယ်လို့ သူက ဆက်ပြောပါတယ်။
ကျဆုံးမှုဟာ အောင်မြင်မှုအတွက် မရှိမဖြစ်ထားရှိရမည့် လိုအပ်ချက်တစ်ခုဖြစ်တယ်လို့ ကင်ဂျုံ အန်က သိပ္ပံပညာရှင်တွေ၊ နည်းပညာရှင်တွေကို ပြောကြားပြီး အားပေးပါတယ်။
ဒီနှစ်အတွင်း စစ်ဘက်သူလျှိုဂြိုဟ်တု ၃ လုံး လွှတ်တင်မယ့် အစီအစဉ်တွေကို မြောက်ကိုရီးယား က ကြေညာခဲ့ပါတယ်။ မြောက်ကိုရီးယား သိပ္ပံပညာရှင်တွေက စစ်ဘက်သူလျှိုဂြိုဟ်တု လွှတ်တင်ရာမှာ မအောင်မြင်တာကို စုံစမ်းစစ်ဆေးပြီး ပဉ္စမမြောက် စစ်ဘက်သူလျှိုဂြိုဟ်တု လွှတ်တင်ဖို့ အသေအချာ
စဉ်းစားမယ်လို့ သိရပါတယ်။
ကိုးကား – NHK
Ref; Kim acknowledges failure of military spy satellite launch
#Ayeyarwaddy_Times