
ဧရာဝတီတိုင်းမ်
မေ ၂၈ ရက်
၂၀၂၃ ခုနှစ် ဇူလိုင်လနောက်ပိုင်း မြန်မာစစ်ကောင်စီက ကျားဖြန့်လုပ်ကိုင်သူလို့ သံသယရှိသူ ၄၉၀၀၀ ကျော်ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့တယ်လို့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက မေလ ၂၇ ရက်မှာ ပြောကြားခဲ့ပါတယ်။
နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကျားဖြန့်ရာဇဝတ်ဂိုဏ်း အများအပြားကို နှိမ်နင်းကာ သံသယရှိသူ တွေကို ဖမ်းဆီးခဲ့တယ်လို့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
၂၀၂၃ ခုနှစ်စနောက်ပိုင်း မြန်မာနိုင်ငံမြောက်ပိုင်းမှာ တရုတ်နိုင်ငံသားတွေပါဝင်တဲ့ အွန်လိုင်းလိမ် လည်မှုတွေ မြင့်တက်လာခဲ့လို့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ ဖမ်းဆီးမှုလိုမျိုး ရာဇဝတ်မှုတွေ ဖြစ် ပေါ်ခဲ့တယ်လို့ အဆိုပါဝန်ကြီးဌာနက ဆိုပါတယ်။
တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ကျားဖြန့်လုပ်ငန်း နှိမ်နင်းမှုတွေ ဦးစားပေးလုပ်ဆောင် ခဲ့လို့ သိသာသောရလဒ်ကောင်းတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့သော ၅ နှစ်အတွင်း ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းတွေက တရုတ်နိုင်ငံတစ်ဝှမ်း ကျားဖြန့် လုပ်ငန်း ၁ ဒသမ ၉၄ သန်းကျော်ကို ဖြိုခွင်းခဲ့တယ်လို့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဆိုပါတယ်။
လအလိုက် အွန်လိုင်းလိမ်လည်မှု အရေအတွက်မှာ ရှစ်လဆက်တိုက် သိသာစွာ ကျဆင်းခဲ့ပြီး ယင်းသို့သော ရာဇဝတ်မှုတွေ မြင့်တက်လာတာကို ထိရောက်စွာ နှိမ်နင်းနိုင်ခဲ့တာကို ပြသနေတာလို့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြောပါတယ်။
ကိုးကား – Xinhua
Ref; 49,000 telecom scam suspects extradited to China from Myanmar: police
#Ayeyarwaddy_Times