
ဧရာဝတီတိုင်းမ်
မေ ၂၈ ရက်
မဟာမိတ်နိုင်ငံတွေက ယူကရိန်းအား ရုရှားနိုင်ငံတွင်းရှိ ပစ်မှတ်တွေကို အနောက်နိုင်ငံထုတ် စစ် လက်နက်တွေနဲ့ တိုက်ခိုက်ခွင့်ပြုသင့်တယ်ဆိုတဲ့ နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် ဂျန်းစတိုလ်တန်ဘဂ်ရဲ့ မှတ်ချက်စကားကို ရုရှားသမ္မတရုံးက ရှုတ်ချခဲ့ပြီး နေတိုးအဖွဲ့က ရုရှားနဲ့ တိုက်ရိုက် ထိပ်တိုက်တွေ့ဆုံ တာလို့ ပြောပါတယ်။
ယူကရိန်းသို့ လက်နက်တွေ ထောက်ပံ့နေတဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ရုရှားနိုင်ငံတွင်းရှိ ပစ် မှတ်တွေကို တိုက်ခိုက်ရာမှာ ယူကရိန်းကို ကန့်သတ်ထားတာတွေ အဆုံးသတ်သင့်ပြီလို့ စတိုလ်တန် ဘဂ်က The Economist ကို ပြောကြားခဲ့ပါတယ်။
စတိုလ်တန်ဘဂ်ရဲ့ မှတ်ချက်စကားတွေနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ “နေတိုးအဖွဲ့က ပဋိပက္ခ ကို အရှိန်မြှင့်နေတယ်” လို့ ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ရှ်ကော့ဗ်က ပြောပါတယ်။
ယူကရိန်းအရေးနဲ့ပတ်သက်လို့ ကမ္ဘာစစ်ဖြစ်လာနိုင်ပြီး ရုရှားနဲ့ နေတိုးအဖွဲ့ကြား တိုက်ရိုက် ပဋိပက္ခဖြစ်ရင် တတိယကမ္ဘာစစ်ဖြစ်လာမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က အနောက်နိုင်ငံတွေကို သတိပေးခဲ့ပါတယ်။
အရပ်ဘက်ဧရိယာတွေနဲ့ နျူကလီးယား အဆောက်အအုံတွေ အပါအဝင် ရုရှားနိုင်ငံအတွင်းပိုင်း အထိ ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေက ပဋိပက္ခကို တိုက်ရိုက် အရှိန်ပြင်းထန်စေတယ်လို့ ရုရှား တာဝန်ရှိ သူတွေက ပြောပါတယ်။
ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကြောင့် ၁၉၆၂ ခုနှစ်၊ ကျူးဘား ဒုံးပျံအရေးအခင်းနောက်ပိုင်း ရု ရှားနဲ့ အနောက်နိုင်ငံတွေကြား ဆက်ဆံရေးကို အဆိုးရွားဆုံး အခြေအနေဖြစ်စေခဲ့ပါတယ်။
ရုရှားနိုင်ငံတွင်းရှိ ပစ်မှတ်တွေကို အနောက်နိုင်ငံတွေ ထောက်ပံ့ပေးထားတဲ့ စစ်လက်နက်တွေနဲ့ တိုက်ခိုက်ဖို့ အားမပေးဘူးလို့ အမေရိကန်နိုင်ငံက ကြိမ်ဖန်များစွာ ပြောကြားခဲ့ပါတယ်။
စတိုလ်တန်ဘဂ်ရဲ့ မှတ်ချက်စကားဟာ ရုရှားနိုင်ငံတွင်း အမေရိကန်လုပ် လက်နက်တွေနဲ့ ယူက ရိန်းကို တိုက်ခိုက်ခွင့်ပြုဖို့ ငြင်းဆန်ခဲ့တဲ့ သမ္မတ ဂျိုးဘိုင်ဒင်ကို ရည်ရွယ်တာလို့ The Economist က ဖော် ပြခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Kremlin condemns NATO boss’s appeal for Ukraine to use Western arms in Russia
#Ayeyarwaddy_Times