ဧရာဝတီတိုင်းမ်
သြဂုတ်လ ၇ ရက်
အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံမှာ အခြေအနေတိုးတက်လာအောင် အာဆီယံအဖွဲ့ ရဲ့ ကြိုးပမ်းမှုတွေကို ဂျပန်နိုင်ငံက ပံ့ပိုးကူညီမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာဟာယာရှီက ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွမ်ဆန်ကို ကတိပြုလိုက်ပါတယ်။
စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားလေးဦးကို ကြိုးပေးကွက်မျက်တာနဲ့ပတ်သက်လို့ အလွန်အမင်း စိုး ရိမ်မိတယ်လို့ ဖနောင်ပင်မြို့တော်မှာ တွေ့ဆုံဆွေးနွေးစဉ် ဟာယာရှီက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံက မြန်မာနိုင်ငံရဲ့ မဆုတ်သာမတိုးသာအခြေအနေကို ဖြေရှင်းဖို့ ဂျပန်နိုင်ငံနဲ့ လက်တွဲ ဆောင်ရွက်မယ်လို့ ဟွမ်ဆန်က ပြောပါတယ်။
ဒီမိုကရေစီတောင်းဆိုတဲ့ ပြည်သူတွေကို စစ်ကောင်စီက အကြမ်းဖက် နှိပ်ကွက်နေတဲ့ မြန်မာ့အရေး ဖြေ ရှင်းနိုင်ဖို့ ကမ္ဘောဒီးယားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဌအနေနဲ့ သံခင်းတမန်ခင်းအရ တက်ကြွစွာ ထိတွေ့ ဆက်ဆံနေပါတယ်။
ကမ္ဘောဒီးယာ ဒုတိယဝန်ကြီးချုပ် ပရတ်ခ်ဆိုခွန်ဟာ စစ်ဘက် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ အာဆီယံ အထူးကိုယ်စားလှယ်အနေနဲ့ ဒီနှစ်အတွင်း မြန်မာနိုင်ငံကို နှစ်ကြိမ် သွားရောက်ခဲ့ပါတယ်။
မြန်မာခရီးစဉ်တွေအတွင်း ပရတ်ခ်ဆိုခွန်ဟာ အာဏာသိမ်းမှုကြောင့် ရာထူးမှဖြုတ်ချခံရပြီး ထိန်းသိမ်းခံ နေရတဲ့ ရွေးကောက်ခံအစိုးရကိုဦးဆောင်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရခဲ့ပါဘူး။
ကိုးကား – The Japan Times
Ref; Japan’s top envoy promises Tokyo will help ASEAN with Myanmar issue