
ဧရာဝတီတိုင်းမ်
မေ ၂၇ ရက်
တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ပြီးနောက် ဒေသတွင်းတည်ငြိမ် မှုကို ထိုင်ဝမ်နဲ့ မျှဝေဖို့ ထိုင်ဝမ်သမ္မတ လိုင်ချင်တေးက တရုတ်နိုင်ငံကို တောင်းဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှုတွေနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားမှု အတွက် အမေရိကန်နဲ့ အခြားတိုင်းပြည်တွေကို ကျေးဇူးတင်တယ်လို့ လိုင်ချင်တေးက သတင်းထောက် တွေကို ပြောပါတယ်။
“ထိုင်ဝမ်ရေလက်ကြားမှာ လှိုင်းတွေဖန်တီးပြီး ဒေသတွင်း တည်ငြိမ်မှု သက်ရောက်စေတဲ့ ဘယ် တိုင်းပြည်ကိုမဆို နိုင်ငံတကာအသိုင်းအဝိုင်းက လက်သင့်ခံမှာမဟုတ်ပါဘူး” လို့ သူက ဆိုပါတယ်။
အပြန်အလှန်လည်ပတ်မှု၊ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ငြိမ်းချမ်းရေးနဲ့ သာ ယာဝပြောမှု လုပ်ဆောင်မယ့် ရပ်တည်ချက်ကိုလည်း သူက ထပ်လောင်းအတည်ပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ် တနင်္လာနေ့ကပြုလုပ်တဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ လိုင်ချင်တေးက တရုတ်နိုင်ငံနဲ့ ငြိမ်းချမ်းရေး၊ သာယာဝပြောမှု လုပ်ဆောင်ဖို့ တောင်းဆိုခဲ့ပေမယ့် တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ ပြောဆိုမှုကို ပယ်ချခဲ့ပါတယ်။
ကန့်ကွက်မှုအနေနဲ့ တရုတ်နိုင်ငံက ကြာသပတေးနေ့မှာ ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်မှု တွေ ပြုလုပ်ခဲ့ပြီး သောကြာနေ့မှာ အောင်မြင်စွာ ပြီးဆုံးခဲ့တယ်လို့ CCTV ရုပ်သံဌာနက ဖော်ပြပါတယ်။
တရုတ်ရဲ့ နှစ်ရက်ကြာစစ်ရေးလေ့ကျင့်မှုတွေက စီစဉ်ထားတဲ့အတိုင်း ပြီးဆုံးခဲ့တာကြောင့် အ ရေးပေါ်တုံ့ပြန်ရေးစင်တာ အဆင့်အားလုံးကို ပုံမှန်အခြေအနေ ပြန်လည်သတ်မှတ်ခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ထိုင်ဝမ်အနီး တရုတ်နိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှုကို အမေရိကန်နိုင်ငံက အလွန်အမင်း စိုးရိမ်တယ် လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မတ်သယူးမီလာက ပြောကြားခဲ့ပြီး စိတ်ရှည်သည်းခံဖို့ တရုတ်ကို တိုက်တွန်းခဲ့ပါတယ်။
ထိုင်ဝမ်အနီး စစ်ရေးလေ့ကျင့်မှုတွေနဲ့ပတ်သက်လို့ စိုးရိမ်ကြောင်း သံတမန်လမ်းကြောင်းတွေမှ တစ်ဆင့် တရုတ်နိုင်ငံသို့ သတင်းစကားပါးခဲ့တယ်လို့ ဂျပန်အစိုးရက ပြောပါတယ်။
ကိုးကား – NHK
Ref; Taiwan president responds to China’s military drills with call for exchanges
#Ayeyarwaddy_Times