
ဧရာဝတီတိုင်းမ်
မေ ၂၇ ရက်
အစ္စရေးစစ်တပ်က ဂါဇာတောင်ပိုင်း ရာဖာမြို့မှာ ထိုးစစ်ဆင်မှု ဆက်လက်ပြုလုပ်နေတာကြောင့် ဟားမာစ်အဖွဲ့က တဲလ်အဗစ်မြို့တော်ကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီလနောက်ပိုင်း တဲလ်အဗစ်မြို့တော်ဟာ ပထမဆုံးအကြိမ် ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရ တာလို့ အစ္စရေးမီဒီယာတွေက ဖော်ပြပါတယ်။
တဲလ်အဗစ်မြို့တော်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဟားမာစ်အဖွဲ့က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။
ကြားဖြတ်အစီအမံတစ်ခုအဖြစ် ရာဖာဒေသမှာ ထိုးစစ်ဆင်တိုက်ခိုက်တာကို ချက်ချင်း ရပ်တန့်ဖို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က အစ္စရေးကို အမိန့်ပေးခဲ့ပါတယ်။
ရာဖာဒေသမှာ အစ္စရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့တဲ့ အကြမ်းဖက်သမားတွေကို သုတ်သင်ရှင်းလင်းခဲ့ပြီး ရိုင်ဖယ်လိုမျိုး လက်နက်တွေ ပမာဏအများအပြား တွေ့ရှိခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။
တနင်္ဂနွေနေ့ညနေပိုင်းက ရာဖာအနောက်မြောက်ပိုင်းရှိ စစ်ရှောင်စခန်းတစ်ခုအပေါ် အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် လူ ၃၅ ဦး သေဆုံးခဲ့တယ်လို့ ဂါဇာ ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။
အစ္စရေးနဲ့ ဟားမာစ်အဖွဲ့ကြား အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံလဲလှယ်ရေး သဘောတူညီချက် ကို မေလ ၂၈ ရက်မှာ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တော်မှာ ပြန်လည်စတင်မယ်လို့ စီအန်အန်သတင်းဌာနက အီဂျစ် တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး ဖော်ပြပါတယ်။
နှစ်ဘက်ကြား ကြီးမားသော ကွာဟချက်တွေ ရှိနေတာကြောင့် သဘောတူညီချက်တစ်ရပ်ရရှိဖို့ အလားအလာက ရှင်းရှင်းလင်းလင်း မရှိပါဘူး။
ကိုးကား – NHK
Ref; Tel Aviv targeted by Hamas rocket attack as Israel continues Rafah offensive
#Ayeyarwaddy_Times