
ဧရာဝတီတိုင်းမ်
မေ ၂၆ ရက်
၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ပြင်းထန်လာတဲ့အ ပေါ် စိုးရိမ်မိကြောင်း တူရကီနိုင်ငံက စနေနေ့မှာ ထုတ်ဖော်ပြောခဲ့ပါတယ်။
“မကြာသေးမီလတွေအတွင်း တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့ အရပ်သားတွေသေဆုံးမှု တိုးလာ တာနဲ့ပတ်သက်လို့ တူရကီနိုင်ငံက အလွန်ကို စိုးရိမ်နေပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ် ပြန်ချက်တစ်ရပ်က ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ အရပ်သားတွေ အထူးသဖြင့် ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်တယ်ဆိုတဲ့သ တင်းတွေနဲ့ ထောင်နဲ့ချီတဲ့ပြည်သူတွေ အဓမ္မ အိုးအိမ်စွန့်ခွာစေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တူရကီနိုင်ငံက အလွန်အမင်း စိုးရိမ်တယ်လို့ အဆိုပါထုတ်ပြန်ချက်က ဖော်ပြပါတယ်။
ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ အရှိန်ပြင်းထန်လာလို့ ရိုဟင်ဂျာ ၄၅၀၀၀ ဘင်္ဂလားဒေ့ရှ် နယ်စပ်သို့ ထွက်ပြေးစေခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လက်ရှိ ရိုဟင်ဂျာ ၁ သန်းကျော် ခိုလှုံနေလို့ အသစ်ထပ်မံရောက်လာသူ တွေကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေ အရင်ထက်များလာပြီလို့ သိရပါတယ်။
စစ်မက်ဖြစ်ပွားနေတဲ့ နှစ်ဖက်စလုံးက အပြည်ပြည်ဆိုင်ရာဉပဒေနဲ့ အပြည်ပြည်ဆိုင်ရာ လူသား ချင်းစာနာမှုဉပဒေကို လေးစားသမှုရှိဖို့၊ အရပ်သားနဲ့ အရပ်ဘက်အဆောက်အဉီတွေကို ကာကွယ်ပေးဖို့၊ အဓမ္မ တပ်သားသစ်စုဆောင်းတာ အပါအဝင် လူမျိုးရေးနဲ့ ဘာသာရေးပဋိပက္ခတွေ ဖြစ်လာနိုင်တဲ့ လုပ် ရပ်တွေကို ရှောင်ကြဉ်ဖို့နဲ့ လူသားချင်းစာနာမှု အကူအညီ အဟန့်အတားမရှိ ပေးအပ်ခွင့်ပြုဖို့ တူရကီက တောင်းဆိုခဲ့ပါတယ်။
ကိုးကား – Anadolu
Ref; Türkiye expresses concern on ‘escalation of fighting’ in Myanmar
#Ayeyarwaddy_Times