ဧရာဝတီတိုင်းမ်
မေ ၂၆ ရက်
အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်ရှိ မိသားစု ဖျော်ဖြေရေးနေရာတစ်ခုမှာ စနေနေ့ည နေပိုင်းက ဖြစ်ပွားခဲ့တဲ့ မီးလောင်ကျွမ်းမှုတစ်ခုကြောင့် ကလေးငယ်အများအပြား အပါအဝင် လူ ၂၄ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ အစိုးရ တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။
ရတ်ဂျ်ကော့ခရိုင်ရှိ မီးလောင်ကျွမ်းရာနေရာမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင် ရွက်နေပြီး လူသေဆုံးမှု မြင့်တက်လာနိုင်တယ်လို့ ဒေသဆိုင်ရာမြို့တော်ဝန်က ပြောပါတယ်။
“ကျွန်တော်တို့ အလေးထားတာက ကယ်ဆယ်ရေးဆောင်ရွက်ပြီး လူ့အသက်တွေ ကယ်တင်ဖို့ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်အတွက် တာဝန်ရှိသူတွေကို အရေးယူဖို့ ဆောင်ရွက်နေပါတယ်” လို့ မြို့တော်ဝန် နာယန်နာပီဒါဒီယာက ပြောပါတယ်။
တီဗွီရုပ်သံတွေမှာ TRP ဂိမ်းဇုန်ကို မီးလောင်ကျွမ်းနေပြီး မီးခိုးငွေ့တွေ ထွက်ပေါ်လာတာကို မြင် တွေ့ရပါတယ်။ သေဆုံးတွေရဲ့ ခန္ဓာကိုယ်အချို့က မမှတ်မိလောက်အောင် မီးလောင်ကျွမ်းသွားခဲ့တယ်လို့ ရဲအရာရှိတစ်ဉီးက ပြောပါတယ်။
ဘေးသင့်ပြည်သူတွေကို အကူအညီပေးဖို့ ဒေသန္တရအစိုးရအဖွဲ့က လုပ်ဆောင်နေတယ်လို့ ဝန် ကြီးချုပ် နာရင်ဒရာမိုဒီက လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။
“ရတ်ဂျ်ကော့ခရိုင်က မီးလောင်ကျွမ်းမှုက ကျွန်တော့်ကို ထိခိုက်နာကျင်စေပါတယ်။ အသက်ဆုံး ရှုံးသူတွေရဲ့ မိသားစုတွေနဲ့အတူ ကျွန်တော် ဝမ်းနည်းရပါတယ်” လို့ မိုဒီက ဆိုပါတယ်။
မီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပေမယ့် မီးလောင်ကျွမ်းရတဲ့ အကြောင်းရင်းကို မဖော် ထုတ်နိုင်သေးဘူးလို့ ခရိုင်မီးသတ်တပ်ဖွဲ့ အကြီးအကဲ အိုင်ဗွီခါးက ပြောပါတယ်။
အခင်းဖြစ်ပွားရတဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ထံ လွှဲပြောင်းပေးခဲ့ တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဘူပန်ဒရာပါတဲလ်က ပြောကြားပြီး ဖြစ်စဉ်နဲ့ပတ်သက်လို့ ခရိုင်ရဲတပ်ဖွဲ့ က လူနှစ်ဉီးကို ဖမ်းဆီးခဲ့တယ်လို့ ရုပ်သံသတင်းတွေက ဆိုပါတယ်။
ကိုးကား – Reuters
Ref; Fire at entertainment venue kills at least 24 people in western India
#Ayeyarwaddy_Times