
ဧရာဝတီတိုင်းမ်
မေ ၂၆ ရက်
ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်၊ ကြာကွင်းကျေးရွာ ၏ အုပ်ချုပ်ရေးမှူး မန်းရဲထွန်းနိုင်ဆိုသူသည် စစ်ကောင်စီ၏ ဖိအားပေးမှုများကြောင့်မေလ ၂၃ရက်နေ့က ကြိုးဆွဲချကာ အဆုံးစီရင်သွားကြောင်း သိရှိရသည်။
“အုပ်ကြီး မန်းရဲထွန်းနိုင်ပါ ၂၅ရက်နေ့က သဂြိုလ်တာပါ။ သူကအုပ်ကြီးမလုပ်ခြင်လို့နှုတ်ထွက်နေတာပေးမထွက်လို့ စိတ်ညစ်ရောဂါရပြီး ခုလို အဆုံးစီရင်လိုက်
တာ”ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
မန်းရဲထွန်းနိုင်သည် စစ်ကောင်စီမှ ဖိအားပေးခိုင်းစေမှုများ၊ စစ်မှုထမ်းလူငယ်များကိုစုဆောင်းခိုင်းသောကိစ္စများကြောင့် စိတ်ရောဂါဖြစ်ပွားခဲ့ပြီး ပုသိမ်မြို့တွင် ဦးနှောက်နှင့်အာရုံကြော ဆေးခန်းများတွင်လာရောက်ပြသနေရသူတစ်ဦးဖြစ်ကြောင်း သိရသည်။
အုပ်ချုပ်ရေးမှုးတာ၀န်မှ နှုတ်ထွက်ရန်စာတင်သော်လည်း ထွက်ခွင့်မပေးသောကြောင့် စိတ်ကျရောဂါခံစားရပြီး ယခုကဲ့သို့ မိမိကိုယ်ကို အဆုံးစီရင်ခြင်းဖြစ်နိုင်ကြောင်း မိသားစုနှင့်နီးစပ်သူများထံမှ သိရှိရသည်။
#ငပုတော #ကျေးရွာအုပ်ချုပ်ရေးမှူး #စစ်ကောင်စီ #ဖိအားပေးမှုများကြောင့် #ကြိုးဆွဲချသတ်သေ
#Ayeyarwaddy_Times