
ဧရာဝတီတိုင်းမ်
မေ ၂၅ ရက်
တော်လှန်ရေးတပ်ဖွဲ့တွေက အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်လျက်ရှိရာ အိမ်နီးချင်း မြန်မာ နိုင်ငံရဲ့ အကျပ်အတည်း အဆုံးသတ်ဖို့ ထိုင်းနိုင်ငံက မဆုတ်မနစ် ကြိုးပမ်းနေတယ်လို့ ဝန်ကြီးချုပ် Srettha Thavisin က ပြောပါတယ်။
ထိုင်းအစိုးရဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ လက်ရှိ အာဆီယံဉက္ကဌ လာအိုနိုင်ငံ၊ အခြား အဖွဲ့ ဝင်နိုင်ငံတွေနဲ့ လက်တွဲပြီး ဆောင်ရွက်နေတယ်လို့ သောကြာနေ့က တိုကျိုမြို့တော်မှာကျင်းပတဲ့ Future of Asia ဖိုရမ်မှာ Srettha Thavisin က ပြောပါတယ်။
ပဋိပက္ခတွေ ဖြစ်ပွားလျက်ရှိရာ နယ်စပ်တစ်လျှောက် မြန်မာပြည်သူတွေအတွက် ထိုင်းနိုင်ငံက လူသားချင်းစာနာမှု အကူအညီပေးအပ်မှု အရှိန်မြှင့်လျက်ရှိတယ်လို့ ၎င်းက ဆိုပါတယ်။
“ငြိမ်းချမ်းသော၊ တည်ငြိမ်သော၊ ညီညွတ်သော မြန်မာနိုင်ငံဖြစ်လာရေး ကျွန်တော်တို့ မဆုတ်မ နစ် ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းတာကို ကျွန်တော် တို့ မြင်တွေ့လိုပါတယ်” လို့ သူက ဆက်ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး တိုက်ပွဲရှောင် ဒုက္ခသည်တွေ အစုလိုက်အပြုံလိုက် ဝင်ရောက်မှုကို ပုံမှန်ဆိုသလို ကိုင်တွယ်ဖြေရှင်းရလို့ ထိုင်းနိုင်ငံက မြန်မာ့အရေး ဖြေရှင်းနိုင်ဖို့ ကြိုးပမ်း နေပါတယ်။
မင်းအောင်လှိုင်ဉီးဆောင်တဲ့ စစ်ကောင်စီဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များစွာနဲ့ မျက် နှာစာပေါင်းစုံမှာ ပဋိပက္ခတွေ ဖြစ်ပွားနေလို့ ပြီးခဲ့တဲ့လတွေအတွင်း အကြမ်းဖက်မှုတွေ တိုးလာခဲ့ပါ တယ်။
တိုက်ပွဲတွေကြောင့် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချကာ အာဏာ သိမ်းပြီးနောက် ၃ နှစ်ကျော်အတွင်း ရွေးကောက်ပွဲတစ်ရပ် ကျင်းပမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ကတိက ဝတ်နဲ့ပတ်သက်လို့ သံသယတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
ကိုးကား – Bangkok Post
Ref; Thailand working ‘relentlessly’ to solve Myanmar crisis – Srettha
#Ayeyarwaddy_Times