
ဧရာဝတီတိုင်းမ်
မေ ၂၅ ရက်
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ကြောက်မတ်ဖွယ်ကောင်းအောင် အကြမ်းဖက်မှုတွေ တိုးလာပြီး ရိုဟင်ဂျာတွေ သတ်ဖြတ်ခံနေရကာ သူတို့ရဲ့နေအိမ်တွေ မီးရှို့ခံနေရတယ်ဆိုတဲ့ သတင်းတွေ ရရှိခဲ့တယ် လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက မေလ ၂၄ ရက်မှာ သတိပေးခဲ့ပါတယ်။
ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ တိုက်ပွဲတွေကြောင့် ထောင်ပေါင်းများစွာသော အ ရပ်သားတွေ အိုးအိမ်စွန့်ခွာခဲ့ရပြီး ရိုဟင်ဂျာ ၄၅၀၀၀ ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ ထွက်ပြေးခဲ့တယ်လို့ ကု လသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးရုံး (UNOCHR) က ပြောပါတယ်။
အင်အားတောင့်တင်းသော အာရက္ခတပ်တော် (AA) ဟာ သီတင်းပတ်ချီကြာအောင် တိုက်ခိုက် ပြီးနောက် ဘူးသီးတောင်မြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြီးခဲ့တဲ့အပတ်အတွင်း ပြောကြားခဲ့ပါတယ်။
ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း မူဆလင်လူနည်းစုဖြစ်တဲ့ ရိုဟင်ဂျာတွေကို ပစ်မှတ်ထားခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေကို AA က ငြင်းဆန်ခဲ့ပါတယ်။
“ဘေးကင်းလုံခြုံဖို့ ရွာတွေကနေ မြို့ကို ရွှေ့ပြောင်းခဲ့တဲ့ ရာနဲ့ချီနဲ့ ရိုဟင်ဂျာတွေ အပါအဝင် မူဆ လင်တွေ နေထိုင်လျက်ရှိရာ မောင်တောမြို့ သိမ်းပိုက်နိုင်ရေး AA က ထိုးစစ်ဆင်နေတာကြောင့် အ ကြမ်းဖက်မှုတွေ တိုးလာတာကို မြင်တွေ့နိုင်ပါတယ်” လို့ UNOCHR ပြောရေးဆိုခွင့်ရှိသူ အဲလိဇဘတ် သရော့ဆဲလ်က ပြောပါတယ်။
“အကြမ်းဖက်မှုတွေ ချက်ချင်း အဆုံးသတ်ဖို့နဲ့ အရပ်သားအားလုံးကို ခွဲခြားဆက်ဆံမှုမရှိဘဲ ကာ ကွယ်ပေးဖို့ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးက တောင်းဆိုပါတယ်” လို့ သူက ဆိုပါတယ်။
ကိုးကား – Reuters
Ref; UN warns of upsurge in violence in Myanmar’s Rakhine
#Ayeyarwaddy_Times