ဧရာဝတီတိုင်းမ်
မေ ၂၄ ရက်

မြန်မာအကျပ်အတည်းနဲ့ တောင်တရုတ်ပင်လယ် တင်းမာမှုတွေ ဖြစ်ပွားနေစဉ် စီးပွားရေး ကောင်းမွန်ဖို့ လုပ်ဆောင်ကြဖို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က အာဆီယံအဖွဲ့ကို တိုက် တွန်းလိုက်ပါတယ်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာကျင်းပတဲ့ ‘အာရှအနာဂတ်ဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ’ အတွင်း Nikkei Asia နဲ့ အင်တာဗျူးမှာ သူက အခုလို ပြောကြားခဲ့တာပါ။

အာဆီယံအဖွဲ့ရဲ့ အဖွဲ့ဝင်နိုင်ငံရဲ့ပြည်တွင်းရေးအား မစွက်ဖက်ရေးမူကို မြန်မာပဋိပက္ခက စိန်ခေါ် ခဲ့ကြောင်း သူက ပြောပါတယ်။

အာဆီယံအဖွဲ့ဟာ မြန်မာစစ်တပ် အာဏာသိမ်းမှုကို အဖြေရှာဖို့ ၂၀၂၁ ခုနှစ်အတွင်း ဘုံသဘော တူညီချက် (၅) ရပ်ကို ချမှတ်ခဲ့ပေမယ့် တိုးတက်မှုအနည်းငယ်သာရှိခဲ့ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်ကြား မကြာသေးမီက အကြမ်းဖက်မှုတွေ တိုးလာတာ ဟာ ပိုမို ရှုပ်ထွေးမှုတွေဖြစ်လာခဲ့ပြီး တည်ငြိမ်မှုပိုနည်းလာစေကာ စစ်ကောင်စီကို လက်ခံဖို့ နည်းပါးလာ စေတယ်လို့ ၎င်းက ဆိုပါတယ်။

မလေးရှားနိုင်ငံဟာ ကမ္ဘာ့ကုမ္ပဏီတွေအတွက် ထုတ်လုပ်ရေး အချက်အချာနေရာတစ်ခုဖြစ်လို့ ၂၀၂၅ ခုနှစ်မှာ အာဆီယံအဖွဲ့ရဲ့ ဉက္ကဌအဖြစ် ဉီးဆောင်မယ်လို့ သူက ပြောပါတယ်။

ကိုးကား – ANI
Ref; Malaysian PM urges ASEAN to focus on reinforcing its economic strengths amid tensions in South China Sea

#Ayeyarwaddy_Times