ဧရာဝတီတိုင်းမ်
မေ ၂၄ ရက်

အမေရိကန်နိုင်ငံတွင်း သိမ်းဆည်းခံခဲ့ရတဲ့ ရုရှားနိုင်ငံရဲ့ ပိုင်ဆိုင်မှုတွေအတွက် လျော်ကြေးပေးဖို့ ရုရှားကို အမေရိကန်ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ ပိုင်ဆိုင်မှုကို သိမ်းဆည်းခွင့်ပြုတဲ့ ဉပဒေတစ်ရပ်ကို သမ္မတ ဗလာဒီမာပူတင်က လက်မှတ်ရေးထိုးလိုက်ပါတယ်။

စက်မှုဖွံ့ဖြိုးပြီးတိုင်းပြည်များ (G7) မှ ဘဏ္ဍာရေးဝန်ကြီးတွေဟာ အနောက်နိုင်ငံတွေမှာ သိမ်း ဆည်းခဲ့တဲ့ ရုရှားရဲ့ ပိုင်ဆိုင်မှုတွေကို ဘယ်လိုလုပ်မယ်ဆိုတာ ဆွေးနွေးဖို့ အစည်းအဝေးတစ်ရပ် စတင် ချိန်မှာ အဆိုပါအမိန့်ကို ထုတ်ပြန်လိုက်တာပါ။

ရုရှားက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်မှာ ယူကရိန်းကျူးကျော်စစ် စတင်ပြီးနောက် ရုရှား နိုင်ငံပြင်ပရှိ ဒေါ်လာ ၂၆၀ ဘီလီယံတန်ကြေးရှိ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းဖို့ ယူကရိန်းနဲ့ ထောက်ခံသူ တွေက တောင်းဆိုခဲ့ပါတယ်။

သို့သော်လည်း ဥရောပ တာဝန်ရှိသူတွေက ရုရှားနိုင်ငံပြင်ပရှိ ရုရှားပိုင်ဆိုင်မှုတွေကို သိမ်းဆည်း ဖို့ ငြင်းဆန်ခဲ့ကာ ဉပဒေနဲ့ ငွေကြေးတည်ငြိမ်မှုဆိုင်ရာ စိုးရိမ်မှုတွေကြောင့်လို့ ပြောပါတယ်။

အမေရိကန်နိုင်ငံရှိ ဒေါ်လာ ၅ ဘီလီယံတန်ကြေးရှိ ရုရှားနိုင်ငံပိုင် ပိုင်ဆိုင်မှုတွေကို သိမ်းယူခွင့်ရှိ တဲ့ Rebuilding Economic Prosperity and Opportunity for Ukraine ဉပဒေကို သမ္မတ ဂျိုးဘိုင်ဒင်က ဧပြီလအတွင်း လက်မှတ်ရေးထိုးခဲ့ပါတယ်။

အဆိုပါဉပဒေမှာ ယူကရိန်းနဲ့ အခြားနိုင်ငံတွေရဲ့ ကာကွယ်ရေးအတွက် အကြမ်းဖျင်းအားဖြင့် ဒေါ်လာ ၆၁ ဘီလီယံ ပံ့ပိုးကူညီမယ့် အမေရိကန်နိုင်ငံရဲ့ အကူအညီပေးရေး အစီအစဉ်လည်း ပါဝင်ပါ တယ်။

G7 အဖွဲ့ဝင်နိုင်ငံတွေ၊ ဉရောပသမဂ္ဂအဖွဲ့ဝင်တွေရဲ့ သဘောတူညီမှုမရဘဲ အမေရိကန်နိုင်ငံက ရု ရှားရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူဖွယ်မရှိပေ။

ရုရှားကုမ္ပဏီတွေ၊ ဗဟိုဘဏ်နဲ့ လူပုဂ္ဂိုလ်တွေက အမေရိကန်နိုင်ငံရှိ ပိုင်ဆိုင်မှုတွေကို သိမ်းယူမှု အား ကြေညာဖို့ ရုရှားတရားရုံးတွေမှာ လျှောက်ထားနိုင်တယ်လို့ သမ္မတ ပူတင် လက်မှတ်ရေးထိုးခဲ့တဲ့ ဉပဒေက ဆိုပါတယ်။

ကိုးကား – VOA
Ref; Putin signs decree allowing seizure of Americans’ assets if US confiscates Russian holdings

#Ayeyarwaddy_Times