
ဧရာဝတီတိုင်းမ်
မေ ၂၄ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်ရှိဈေးများတွင် အမဲသားလိုင်စင်ဆိုင်များသည် စည်ပင်မှ သတ်မှတ်ထားသောဈေးထက် ၅၀၀၀ကျပ် တင်ကာရောင်းချနေသော်လည်း သက်ဆိုင်ရာမှ အရေးယူမှုမရှိကြောင်း ဒေသခံပြည်သူများထံက သတင်းရရှိသည်။
စည်ပင်မှ ၂၀၂၄ခုနှစ်တွင် အမဲသားလေလံရရှိသူများကို တစ်ပ်ိသာလျှင် (၁၂၈၀၀)ကျပ်ဖြင့်ရောင်းချရန်အတွက် သတ်မှတ်ပေးခဲ့သော်လည်း လက်ရှိတွင် စားသုံးသူများကို ၁၈၀၀၀ကျပ်အထိ ဈေးတင်ရောင်းချနေခြင်း ဖြစ်သည်။
“ဈေးတွေမှာစည်ပင်က ကပ်ထားတဲ့ အမဲသားဈေးနဲ့ ဆိုင်ကဈေးနဲ့က တော်တော်ကွာနေတာ ကြာပြီ စည်ပင်၀န်ထမ်းတွေက လဲ ခေါင်းရွက်ဗျတ်ထိုးသည်တွေလောက်ပဲပြသနာလိုက်ရှာနေတာ လိုင်စင်သမားတွေကသူတို့ နဲ့ တစ်ဖွဲ့ထဲ ဖြစ်နေတော့တိုင်လဲ မထူးဘူး”ဟု ပုသိမ်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ် ကိုပြောသည်။
ပုသိမ်မြို့နယ်စည်ပင် အနေနှင့် ၂၀၂၄ခုနှစ်တွင် ပြည်သူများအမဲသား သက်သာစွာ စားသုံးနိုင်ရန် လေလံဈေးနူန်းကို ယခင်ထက် ဆယ်ရာခိုင်နူန်းလျှော့ယူကာ လေလံဈေးချခဲ့ပြီး ဧပြီလ ၁ရက်နေ့မှ စတင်ကာ အသားတစ်ပိဿာကို ၁၂၈၀၀ ကျပ်၊ အူ၊ကလီစာများကို တစ်ပိဿာ၈၀၀၀ကျပ်သတ်မှတ်ခဲ့ကြောင်း စည်ပင်သာယာရုံးနှင့်နီးစပ်သူများထံမှ သိရှိရသည်။
“အရင်ခေတ်အဆက်ဆက်ကလဲခုလိုသတ်မှတ်ဈေးထက် ပိုရောင်းလို့ တိုင်ကြတယ် တိုင်တဲ့သူကအိမ်မရောက်သေးဘူး တိုင်စာလူစာရင်းကြီးက လိုင်စင်သမားဆီကို ရောက်သွားတာ ခုလဲ အဲ့လိုဖြစ်မှာစိုးတယ် စည်ပင်၀န်ထမ်းတွေကိုယ်တိုင်ကသိလျှက်နဲ့ လွှတ်ပေးထားတာ”ဟု စားသုံးသူ အနေနှင့်တိုင်ကြားခဲ့ဘူးသူတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။
ပုသိမ်မြို့နယ်ရှိ ဈေးများတွင် သတ်မှတ်ဈေးနှုန်းကို အများမြင်သာအောင် ဗီနိုင်းကပ် ထားသော်လည်း ရောင်းချသူများမှ လိုက်နာခြင်းမရှိပဲ ဈေးတင်ကာရောင်းချနေခြင်းဖြစ်ပြီး စည်ပင်မှ ယနေ့အထိအရေးယူခြင်းမရှိသေးကြောင်းသိရှိရသည်။
#ပုသိမ်မြို့ #အမဲသား #စည်ပင် #သတ်မှတ်ဈေးနှုန်း #ကျပ်၅၀၀၀ကျော်စျေးပိုရောင်း #Ayeyarwaddy_Times