ဧရာဝတီတိုင်းမ်
မေ ၂၃ ရက်
ပြီးခဲ့သည့် မေလ တတိယပတ်နှင့် ယခုတစ်ပတ်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ငွေလဲဈေးနှင့် အခေါက်ရွှေဈေးသည် တစ်ပတ်အတွင်း ထပ်မံမြင့်တက်လျက်ရှိကြောင်း စုံစမ်းသိရသည်။
ယခုတစ်ပတ်အတွင်း အမေရိကန်ဒေါ်လာဈေး ကျပ်၁၀၀မြင့်တက်ခဲ့ပြီး အကယ်ဒမီ အခေါက်ရွှေဈေး ကျပ်တစ်သိန်းကျော် ထပ်မံမြင့်တက်လာခြင်းဖြစ်သည်။
နိုင်ငံခြားငွေလဲဈေးနှင့် အကယ်ဒမီအခေါက်ရွှေ တရိပ်ရိပ်တက်နေရာမှ ယနေ့ မေ ၂၃ ရက်နေ့ ညနေဈေးကွက်ပိတ်ချိန်တွင် အမေရိကန်တစ်ဒေါ်လာ ကျပ် ၄၁၅၀ နှင့် အကယ်ဒမီအခေါက်ရွှေတစ်ကျပ်သား ၅၁,၆၅၀,၀၀၀ ရှိကြောင်းသိရသည်။
ပြီးခဲ့သည့်တစ်ပတ် မေ ၁၅ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် ရောင်းဈေး ၄၀၈၀ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၄,၉၅၅,၀၀၀သိန်းရှိ ကြောင်းဈေးကွက်အတွင်း က စုံစမ်းသိရသည်။
ထို့ပြင် နိုင်ငံခြားငွေလဲဈေးနှုန်းများတွင် ထိုင်းဘတ်ဈေးနှုန်းသည် မေ ၂၃ ရက်နေ့တွင် ထိုင်းတစ်ဘတ်လျှင် ၁၁၂ ကျပ်ဖြစ်ပြီး မေ ၁၅ ရက်နေ့တွင် ၁၁၀ ကျပ်ဖြစ်သည်။
တရုတ်ယွမ်ဈေးနှုန်းသည် တစ်ယွမ်လျှင် ၅၇၀ ကျပ်ဖြင့်ဈေးတက်လာပြီး မေ ၁၅ ရက်နေ့တွင် ၅၅၈ ကျပ်သာရှိကြောင်းသိရသည်။
အမေရိကန် ဒေါ်လာဈေးမြင့်နေချိန်တွင် စစ်ကောင်စီဈေးနှုန်းထိန်းချုပ်ထားသော စက်သုံးဆီဈေးနှုန်းက ပုံမှန်အခြေအနေတွင်ရှိနေပြီး ဆေးဝါး၊ လူသုံးကုန်အပါအဝင် သွင်းကုန်ပစ္စည်းများ ဈေးမြင့်တက်နေကြောင်း စုံစမ်းသိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#တစ်ပတ်အတွင်းဈေးထပ်မံမြင့်တက် #ပြည်တွင်းရွှေဈေးတက် #ဒေါ်လာဈေးတက် #Ayeyarwaddy_Times