ဧရာဝတီတိုင်းမ်
သြဂုတ်လ ၇ ရက်

စက်တင်ဘာလအစောပိုင်းမှာ မြန်မာနိုင်ငံကို တတိယမြောက်ခရီးစဉ် စတင်မယ်လို့ အာဆီယံ အထူး ကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ်ခ်ဆိုခွန်က ပြောကြားပါတယ်။

လူအချို့က သူ့ရဲ့ ယခင်ခရီးစဉ်တွေကနေ လက်ငင်းရလဒ်တစ်ခု မျှော်မှန်းခဲ့ကြတယ်လို့ ဖနောင်ပင်မြို့ တော်မှာ ပြုလုပ်တဲ့ ၅၅ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဆိုင်ရာ သတင်းစာရှင်း လင်းပွဲမှာ ၄င်းက ပြောကြားပါတယ်။

မြန်မာ့အရေး ဖြေရှင်းနိုင်မယ့် အဖြေတစ်ခုရှာဖို့ သူ့ရဲ့ကြိုးပမ်းမှုတွေက ခိုင်မာဆဲဖြစ်ပြီး အာဆီယံ အထူး ကိုယ်စားလှယ်အနေနဲ့ တတ်နိုင်သလောက် ကြိုးပမ်းသွားမယ်လို့ ၄င်းက ဆိုပါတယ်။

“မြန်မာ့အရေးနဲ့ပတ်သက်လို့ ကျွန်တော် လက်လျှော့မှာမဟုတ်ပါဘူး။ ဒါပေမယ့် စစ်ကောင်စီရဲ့ အတိုက် အခံ တက်ကြွလှုပ်ရှားသူလေးဦးကို ကြိုးပေးကွက်မျက်မှုက ပြဿနာတစ်ခုဖြစ်ပါတယ်။ အာဆီယံကိုးနိုင်ငံက လာမယ့်သီတင်းပတ်တွေအတွင်း ဘယ်လို ပြောင်းလဲမှုရှိမလဲဆိုတာကို စောင့်ကြည့်ဖို့ သဘောတူခဲ့ပါတယ်” လို့ ပ ရတ်ခ်ဆိုခွန်က ပြောပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ် ဖြစ်တာနဲ့အညီ မြန်မာ့အရေး ဖြေရှင်းနိုင်ဖို့ ဖြစ်နိုင်ဖွယ်ရာ နည်းလမ်းတွေ အသုံးပြုပြီး ကြိုးပမ်းနေတယ်လို့ ၄င်းက ပြောပါတယ်။

စစ်ကောင်စီက ကြိုးပေးကွက်မျက်မှုတွေ ထပ်မံ လုပ်ဆောင်မယ်ဆိုရင် အာဆီယံအဖွဲ့က မြန်မာနိုင်ငံ ဆိုင်ရာ ဘုံသဘောတူညီချက်ကို ပြန်လည်သုံးသပ်မယ်လို့ သူက ဆိုပါတယ်။

ကိုးကား – The Phnom Penh Post
Ref; Sokhonn on Myanmar: ASEAN to decide on next move in case of more executions