
မိုင်မိုင်/ဧရာဝတီတိုင်းမ်
(ထားဝယ်)၊ ဩဂုတ်လ ၇ ရက်
ထားဝယ်မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ဒေသခံပြည်သူတွေကို ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး (DDPDF)မှ ကာကွယ်စောင့်ရှောက်ပေးထားရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေက တိုက်ပွဲဖြစ်လို့ အကျဆုံးများလာတိုင်း ကျေးရွာတွေကို မီးဝင်ရှို့တာကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင်တွေများလာပြီး ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး (DDPDF)အနေနဲ့ စောင့်ရှောက်ပေးထားရတာဖြစ်တယ်လို့ တပ်ဖွဲ့ဝင်တွေထံကသိရပါတယ်။
” ကျန်မာရေးနှင့် စားနပ်ရိက္ခါကတော့ ကျွန်တော်တို့အတွက်ပုံမှန်ပါဘဲပြည်သူတွေရဲစားဝတ်နေရေးအခြေအနေကတော့ အတော်လေအခက်အခဲဖြစ်နေလို့ ကျွန်တော်တို့ကူညီစောက်ရှောက်ထားပါတယ်”လို့ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး (DDPDF) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မိုးကြိုးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက ထားဝါခရိုင်အတွင်းက တိုက်ပွဲတွေ ဖြစ်ပွားတဲ့နေရာတွေကို စစ်ကြောင်းထိုးဖို့လုပ်တဲ့အခါမှာလည်း ဒေသခံပြည်သူတွေကို လူသားဒိုင်းအနေနဲ့ အတင်းအဓမ္မခေါ်ယူလေ့ရှိတာကြောင့် ထွက်ပြေးတိမ်းရှောင်လာသူပိုများလာတယ်လို့ ဆိုပါတယ်။
ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး (DDPDF)အနေနဲ့ကတော့ စစ်ဘေးရှောင်ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးထားရသလို တဖက်မှာလည်း စစ်ကောင်စီတပ်ကို ခုခံတော်လှန်နေရတယ်လို့ သိရပါတယ်။