ဧရာဝတီတိုင်းမ်
မေ ၂၂ ရက်

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေစဉ် အကြမ်းဖက်မှုတွေနဲ့ အိုးအိမ်စွန့်ခွာရသူတွေ တိုးလာတဲ့သတင်းကို အလွန်အမင်း စိုးရိမ်မိ တယ်လို့ အမေရိကန်နိုင်ငံက ပြောပါတယ်။

“မြန်မာစစ်တပ်ရဲ့ ယခင်လုပ်ရပ်တွေဖြစ်တဲ့ ရိုဟင်ဂျာတွေကို ပစ်မှတ်ထားတဲ့ လူမျိုးသုဉ်းသတ် ဖြတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သောရာဇဝတ်မှုတွေအပြင် ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံတစ် ဝှမ်း လူမျိုးစုကြား တင်းမာမှုသမိုင်းတွေက အရပ်သားတွေအတွက် ကြောက်မတ်ဖွယ်ရာ အန္တရာယ်တွေ ဖြစ်ပါတယ်” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ပြောရေးဆိုခွင့်ရှိသူ မတ်သယူးမီလာက ထုတ် ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

“ရခိုင်ပြည်နယ်က လက်ရှိ အကြမ်းဖက်မှုတွေနဲ့ လူမျိုးစုကြား တင်းမာမှုတွေက အကြမ်းဖက်မှု တွေ ဖြစ်လာနိုင်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

“အရပ်သားတွေကို ကာကွယ်ပေးဖို့နဲ့ လူသားချင်းစာနာမှု အကူအညီပေးမှု ခွင့်ပြုပေးဖို့ မြန်မာ စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေိကို ကျွန်တော်တို့ တောင်းဆိုပါတယ်” လို့ သူက ဆိုပါတယ်။

အကြမ်းဖက်မှုတိုးလာတာကို ရှုတ်ချဖို့၊ လူ့အခွင့်အရေး ချိုးဖောက်သူတွေ တာဝန်ခံစေရေးနဲ့ နေ ရပ်စွန့်ခွာသူတွေကို ကာကွယ်ပေးဖို့ အမေရိကန်နိုင်ငံက နိုင်ငံတကာမိတ်ဖက်တွေကို တောင်းဆိုတယ် လို့ ၎င်းက ပြောပါတယ်။

“လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်တဲ့ မြန်မာစစ်တပ်နဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေ ကို အမေရိကန်နိုင်ငံက အရေးယူမယ်” လို့ မီလာက ဆိုပါတယ်။

ကိုးကား – Anadolu
Ref; US ‘deeply troubled’ by reports of increased violence in Myanmar’s Rakhine state

#Ayeyarwaddy_Times