
ဧရာဝတီတိုင်းမ်
မေ ၂၃ ရက်
ယနေ့မနက်ပိုင်းက ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ တရုတ်စစ်တပ် က ကြေညာခဲ့ပါတယ်။
စစ်ရေးလေ့ကျင့်မှုတွေကို ကင်းမန်ကျွန်းနဲ့ အခြားဧရိယာတွေမှာ ဒေသန္တရစံတော်ချိန် မနက် ၇ နာရီ ၄၅ မိနစ်မှာ စတင်ခဲ့တာလို့ တရုတ် အရှေ့ပိုင်းစစ်ဌာနချုပ်က ပြောပါတယ်။
တရုတ်ကြည်းတပ်၊ ရေတပ်နဲ့ လေတပ်ဖွဲ့နဲ့ ဒုံးကျည်တပ်ဖွဲ့တွေပါဝင်နေတဲ့ စစ်ရေးလေ့ကျင့်မှု တွေကို သောကြာနေ့မှာ ပြုလုပ်မယ်လို့ တရုတ် အရှေ့ပိုင်းစစ်ဌာနချုပ်က ဆိုပါတယ်။
ထိုင်ဝမ်လွတ်လပ်ရေး ကြိုးပမ်းသူဟာ ခွဲထွက်အုပ်စုဖြစ်ကြောင်း၊ စစ်ရေးလေ့ကျင့်မှုတွေဟာ ပြင် ပအုပ်စုတွေနဲ့ ခွဲထွက်အဖွဲ့တွေရဲ့ ကြားဝင်စွက်ဖက်မှုအတွက် ပြင်းထန်သော သတိပေးမှုတစ်ခုဖြစ်တယ် လို့ တရုတ် အရှေ့ပိုင်းစစ်ဌာနချုပ်က ပြောပါတယ်။
ထိုင်ဝမ်သမ္မတဟောင်း ဆိုင်အင်ဝမ် ပြီးခဲ့တဲ့နှစ်အတွင်း အမေရိကန်နိုင်ငံမှာ ရှိနေခဲ့ချိန်နဲ့ လက်ရှိ သမ္မတ လိုင်ချင်တေး ပြီးခဲ့တဲ့နှစ်လယ်အတွင်း ဒုတိယသမ္မတအဖြစ် အမေရိကန်နိုင်ငံသို့ သွားရောက်ခဲ့ ချိန်တွေမှာလည်း တရုတ်စစ်တပ်က ယင်းသို့သော စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
တရုတ်နိုင်ငံက ထိုင်ဝမ်အစိုးရအပေါ် ဖိအားတိုးပေးနေပါတယ်။ တနင်္လာနေ့က သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ လိုင်ချင်တေးက “တရုတ်တစ်နိုင်ငံတည်းမူဝါဒ” ကို အသိအမှတ်မပြုဘူးလို့ ပြော ပါတယ်။
ကိုးကား – NHK
Ref; Chinese military conducts drills around Taiwan