ဧရာဝတီတိုင်းမ်
မေ ၂၃ ရက်

မြန်မာနိုင်ငံတွင် လာမည့် အောက်တိုဘာ အတွင်း အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် Miss Grand International 2024 အလှမယ်ပြိုင်ပွဲကို ကျင်းပရန် ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း Miss Grand International အဖွဲ့အစည်းက ယမန်နေ့ မေ ၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

စစ်တပ်ကအာဏာသိမ်းထားပြီး ပဋိပက္ခများဖြစ်ပွားနေသည့် မြန်မာနိုင်ငံတွင် MGI 2024 အလှမယ်ပြိုင်ပွဲကျင်းပရန် National Director ထူးအံ့လွင်မှ ဦးဆောင် တာဝန်ယူခဲ့ပြီးနောက် Miss Grand International အဖွဲ့အစည်းမှ ယခုကဲ့သို့ ပြန်လည်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ထပ်မံ၍ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် နိုင်ငံကိုလည်း မကြာခင် ကြေညာသွား မည်ဖြစ် ကြောင်း သိရသည်။

လာမည့် အောက်တိုဘာတွင် ကျင်းပပြုလုပ်မယ့် Miss Grand International 2024 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်ရန်ရွေးချယ်ခံထားရသူမှာ အလှမယ် သဲစုညိမ်း ဖြစ်ပြီး တောင်ငူမြို့ ကိုယ်စားပြု အလှမယ်အဖြစ် Miss Grand Myanmar 2024 ဆုကိုရရှိထားသူဖြစ်သည်။

မြန်မာနိုင်ငံအတွင်း လက်ရှိရင်ဆိုင်နေရသည့် နိုင်ငံရေးအခြေအနေများ၊ ပဋိပက္ခများနှင့် လုံခြုံရေးအခြေအနေများကြောင့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် MGI 2024 ကို Miss Grand Honduras 2024 ဆုရရှိထားသူ ဟွန်ဒူးရပ် အလှမယ်က လာရောက် ယှဉ်ပြိုင်မည်မဟုတ်တော့ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့ပြော ဆိုခဲ့‌သည်။

ပြီးခဲ့သည့် Miss Grand International 2023 အလှမယ်ပြိုင်ပွဲတွင် မြန်မာအလှမယ် နီနီလင်းအိမ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ သိန်းချီ တန်ဖိုးရှိ မဲဝယ်ပေးခဲ့ကြသည့်အပေါ် ဝေဖန်မှုများ စွာဖြစ်ပေါ်ခဲ့သည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#MissGrandInternational2024 #မြန်မာနိုင်ငံ #အိမ်ရှင်ကျင်းပခွင့်ရပ်ဆိုင်း #Ayeyarwaddy_Times