
ဧရာဝတီတိုင်းမ်
မေ ၂၃ ရက်
ရုရှားပိုင်နက်အတွင်းရှိ ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ အနောက်နိုင်ငံတွေ ထောက်ပံ့ပေးထား တဲ့ စစ်လက်နက်တွေ ယူကရိန်းကို အသုံးပြုခွင့်ပေးဖို့ အနောက်နိုင်ငံတွေရှိ ထင်ရှားသောပုဂ္ဂိုလ်အချို့က တောင်းဆိုနေကြပါတယ်။
အမေရိကန်အစိုးရကတော့ အဆိုပါကိစ္စနဲ့ပတ်သက်လို့ သတိထားပါတယ်။ ယူကရိန်းသို့ ထောက် ပံ့ပေးထားတဲ့ စစ်လက်နက်တွေကို တိုင်းပြည်တွင်းသာ အသုံးပြုခွင့် ကန့်သတ်ချက်ကို ရုတ်သိမ်းသင့် တယ်လို့ နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ်ဟောင်း အန်ဒါစ်ဖော့ဂ်ရက်မူဆန်က ပြောပါတယ်။
အနောက်နိုင်ငံတွေ ထောက်ပံ့ပေးထားတဲ့ စစ်လက်နက်တွေကို ရုရှားပိုင်နက်အတွင်းရှိ ပစ်မှတ် တွေကို တိုက်ခိုက်ရာမှာ အသုံးပြုခွင့်ပေးသင့်တယ်လို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဟောင်းနဲ့ Institute for the Study မှ ပညာရှင်တစ်ဉီးဖြစ်သူ ဗစ်တိုရီးယားနူလန်က ပြောပါတယ်။
ယူကရိန်းဟာ ရုရှားပိုင်နက်အတွင်းရှိ ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ ဗြိတိန်နိုင်ငံထုတ် စစ် လက်နက်တွေကို အသုံးပြုခွင့်ရှိတယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းက ဒီလအစော ပိုင်းမှာ ပြောကြားခဲ့ပါတယ်။
ယူကရိန်းသို့ ထောက်ပံ့ပေးထားတဲ့ စစ်လက်နက်တွေကို ယူကရိန်းရှိ ရုရှားတပ်ဖွဲ့တွေကို တိုက် ခိုက်ရာမှာ အသုံးပြုသင့်တယ်လို့ အမေရိကန် ပူးတွဲစစ်ဉီးစီးချုပ်များ ဉက္ကဌ ဗိုလ်ချုပ်ကြီး ချားလ်ကျူဘ ရောင်းက ပြောပါတယ်။
ယူကရိန်းက အနီးကပ်တိုက်ပွဲတွေမှာ အောင်မြင်မှုရဖို့ အနောက်နိုင်ငံတွေ ထောက်ပံ့ပေးထားတဲ့ စစ်လက်နက်တွေကို အသုံးပြုသင့်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြော ပါတယ်။
ရုရှားပိုင်နက်အတွင်းရှိ သာမန် ရုရှားပြည်သူတွေဟာ ယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့် ထိခိုက် ဒဏ်ရာရရှိမှာနဲ့ မော်စကိုနဲ့ တင်းမာမှုတွေ မြင့်တက်လာမှာကို အမေရိကန်နိုင်ငံက မလိုလားဘူးလို့ လေ့ လာသူတွေက ပြောပါတယ်။
ကိုးကား – NHK
Ref; Calls for Ukraine to be allowed to target Russian territory with Western arms
#Ayeyarwaddy_Times