ဧရာဝတီတိုင်းမ်
မေ ၂၂ ရက်

လန်ဒန်မှ စင်ကာပူသို့ ပျံသန်းလာသော စင်ကာပူ လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်းဟာ ပြင်းထန်သော လေထုမငြိမ်သက်မှုနှင့် ကြုံတွေ့ပြီး တုန်ခါမှုကြောင့် ခရီးသည်တစ်ဦး သေဆုံးကာ ၃၀ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်ဟု မေ လ ၂၁ ရက်မှာ အဆိုပါလေကြောင်းလိုင်းက ပြောကြားခဲ့ပါတယ်။

ဘိုအင်း ၇၇၇ လေယာဉ်ဟာ လန်ဒန်မြို့တော်မှ ပျံတက်လာပြီးနောက် ၁၀ ခန့်အကြာမှာ မြန်မာနိုင်ငံအ ထက် မီတာ ၁၁၀၀၀ ခန့်မှာ လေထုမငြိမ်သက်မှုနဲ့ ကြုံတွေ့ခဲ့ရတာလို့ စင်ကာပူလေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လေယာဉ်ကို အင်္ဂါနေ့က ဗန်ကောက်မြို့တော်သို့ လမ်းကြောင်းပြောင်းခဲ့ရပြီး သုဝဏ္ဏဘူမိလေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရတယ်လို့ စင်ကာပူလေကြောင်းလိုင်း တာဝန်ရှိသူတွေက ဆိုပါတယ်။

အဆိုပါလေယာဉ်ပေါ်မှာ ခရီးသည် ၂၁၁ ဦးနဲ့ အမှုထမ်း ၁၈ ဉီး ပါရှိတယ်လို့ သိရပါတယ်။ သေဆုံးသွားသူမှာ အသက် ၇၃ နှစ် အရွယ် ဗြိတိန်အမျိုးသားဖြစ်ပြီး အခြားလူ ခုနစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

လူ ၁၈ ဦးကို ဆေးရုံတင်လိုက်ရပြီး အခြားလူ ၁၂ ဦးသည် ဆေးရုံတွင် ကုသမှု ခံယူနေရသည်ဟု စင်ကာပူလေကြောင်းလိုင်းက ပြောကြားပါတယ်။

ကိုးကား – NHK
Ref; One passenger dead after Singapore Airlines flight hit turbulence

#Ayeyarwaddy_Times