ဗစ်တာ/ဧရာဝတီတိုင်းမ်
(ပြည်)၊ ဩဂုတ်လ ၇ ရက်
ပဲခူးတိုင်း၊ ပြည်မြို့မှာ ဓါတ်မြေဩဇာဈေး ာခင်ထက် ၃ ဆကျော်မြင့်တက်လာသော်လည်း တောင်သူလယ်သမားများအနေနဲ့ တခြားရွေးချယ်စရာ နည်းလမ်းမရှိသဖြင့် ဓါတ်မြေဩဇာများကို စျေးကြီးပေး၍ မဖြစ်မနေဝယ်သုံးနေကြရတယ်လို့ သိရပါတယ်။
ဓါတ်မြေဩဇာနဲ့ လယ်ယာသုံးသွင်းအားစုစျေးနှုန်းတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အရင်ကထက် ဈေး ၃ ဆကျော်လောက်မြင့်တက်လာတာကြောင့် လယ်ယာလုပ်ငန်းကို စွန့်ခွာသွားတဲ့တောင်သူတွေရှိသလို တခြား အလုပ်မလုပ်နိုင်လို့ လယ်စိုက်ရတဲ့ တောင်သူတွေကတော့ မဖြစ်မနေဝယ်သုံးနေကြရတယ်လို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။
“ ဓါတ်မြေဩဇာဈေးက ၃ ဆလောက်တက်တာပေါ့၊ ဒါပေမယ့် အရင်ကတည်းက လယ်လုပ်လာတာ ဒါပဲ ဆက်လုပ်နေရတယ်၊ ဈေးတက်လာပေမယ့် ဓါတ်မြေဩဇာတော့ လျော့မသုံးပါဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်ကာလကစတင်ကာ ဓါတ်မြေဩဇာအပါဝင် လယ်ယာသုံးသွင်းအားစု ဈေးနှုန်းတွေမြင့်တက်လာပေမယ့် စပါးဈေးကောင်းလို့ မိုးစပါးစိုက် တောင်သူတွေအနေနဲ့ ဓါတ်မြေဩဇာဈေး ကြီးပေမယ့် လျော့မသုံးကြဘူးလို့ ဆိုပါတယ်။
ပြည်မြို့မှာ ၂၀၁၉ ခုနှစ်က ဓါတ်မြေဩဇာဈေးနှုန်း ၃၀၀၀၀ ဝန်းကျင်ရှိရကာနေ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ၂၀၂၂ ခုနှစ်တွင် ဓါတ်မြေဩဇာဈေး ၉၅၀၀၀ ထိရောက်ရှိလာတယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။