
မြရာ/ဧရာဝတီတိုင်းမ်
မေ ၂၀ ရက်
တရုတ်နိုင်ငံ ကူမင်းမြို့တွင်ပြုလုပ်သည့် ငါးကြိမ်မြောက် ဟိုင်ဂင်ဆွေးနွေးပွဲအပြီးတွင် စစ်ကောင်စီတပ်မှ စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိ ငါးဦးကို နှစ် ရှည်ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် မေ ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင် ကူမင်းနိုင်ငံ၌ စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့ တွေ့ဆုံဆွေးနွေးသည့် ဆွေးနွေးပွဲအပြီးတွင် ကျားဖြန့်လုပ်ငန်းခေါင်း၏ဉ်တပ်၍ စစ်ဘက်ဆိုင်ရာ ထိပ်တန်းဗိုလ် ချုပ် ငါးဦးကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်ခြင်း ဖြစ်သည်။
ဟိုင်ဂင်ဆွေးနွေးပွဲပြီးတိုင်း မြန်မာနိုင်ငံတွင်းရှိ ကျားဖြန့်လုပ်ငန်းနှင့်ပတ်သက်သည့် စစ်ဘက်ဆိုင်ရာထိပ်တန်းအရာရှိများကို အရေး ယူခဲ့သည့်နည်းအတိုင်း စစ်ကောင်စီ၏ ယခင်ကတည်းက ဖမ်းဆီးထားသည့် စစ်ဗိုလ်ချုပ်များကို တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြည်ထဲရေးဝန်ကြီးပြန် ရောက်ချိန်တွင် ယခုကဲ့သို့ ထောင်ချအပြစ်ပေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယခင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ)တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး (မပခ) ဗိုလ်ချုပ် စိုးလှိုင်၊ ယခင်လောက်ကိုင် ဒကစမှူး ဗိုလ်ချုပ်ဇော်မင်းတို့ကို ထောင်ဒဏ် ၁၀ နှစ်စီ စစ်ကောင်စီက ချ မှတ်လိုက်ပြီး ဗိုလ်ချုပ်လှမြင့်စိုးကိုမူ ထောင်ဒဏ် ငါးနှစ်ချမှတ်လိုက်ကြောင်း သိရသည်။
“ခေါင်းစဉ်ကတော့ ကျားဖြန့်ပေါ့။ သူတို့ကိုအရန်အင်အားတွေပို့ထားတာ လပိုင်းလောက်ရှိပြီ။ ပြည်ထဲရေး ဝန်ကြီးပြန်အရောက်မှာ တန်းအမိန့်ချတာ။ ဗိုလ်ချုပ် လှမိုးနဲ့ ဗိုလ်ချုပ်အောင်လင်းထွန်းကိုတော့ အဓိကထား စစ်ဆေးတယ်ပြောတယ်။ လောက်ကိုင်ဒကစမှူး ကိုလည်း ကျားဖြန့်နဲ့စွဲတယ်လို့ သိရတယ်”ဟု တပ် တွင်းသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ် (ရပခ)တိုင်းမှူး ဗိုလ်ချုပ် လှမိုးကို ဟိုင်ဂင်ဆွေးနွေးပွဲ သုံးကြိမ်မြောက်ပြီးဆုံးချိန် ဇန်နဝါရီလကတည်းက အရန်အင်အားကိုပို့ဆောင်ထားခဲ့ပြီး ယခုထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်းများနှင့်ပတ်သက်သည်ဟုဆိုကာ နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေသည့် ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းကိုလည်း မတ်လ ဒုတိယပတ်တပ်မတော်နေ့ မတိုင်ခင်ကတည်းက နေအိမ်တွင် အကြမ်းဖက်ဝင်ရောက် ခေါ်ဆောင်သွားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်နေ့ကလည်း လောက်ကိုင်ပြည် သူ့စစ်ခေါင်းဆောင် ပယ်ဆောက်ချိန် အပါအဝင် ကျားဖြန့်လုပ်ငန်း လုပ်ဆောင်သူ ထိပ်တန်းလုပ်ငန်းရှင် သူဌေး ၁၀ ဦးကို တရုတ်အထူးတပ်ဖွဲ့ထံ နေပြည်တော်တွင် လွှဲပြောင်းပေးခဲ့သေးသည်။
#စစ်ဗိုလ်ချုပ်၅ဦး #ကျားဖြန့်အကြောင်းပြ #နှစ်ရှည်ထောင်ဒဏ်များချ #တိုင်းမှူးဗိုလ်ချုပ်လှမိုး #ကာကွယ်ရေးဒုဝန်ကြီး #ဗိုလ်ချုပ်အောင်လင်းထွန်း #တိုင်းမှူးဗိုလ်ချုပ်စိုးလှိုင် #ဒကစမှူးဗိုလ်ချုပ်ဇော်မင်း #ဗိုလ်ချုပ်လှမြင့်စိုး #Ayeyarwaddy_Times