
ဧရာဝတီတိုင်းမ်
မေ ၂၁ ရက်
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ပြန်လည်ဖြစ်ပွားလာတာကို အလွန်အမင်း စိုး ရိမ်မိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲက ပြောကြားခဲ့ပြီး ရက်စက်ကြမ်းကြုတ်မှုတွေ ပိုပြီး ဖြစ်လာမယ်လို့ သတိပေးလိုက်ပါတယ်။
“မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှာ အကြမ်းဖက်မှုတွေ ပိုဖြစ်လာတာနဲ့ အိမ်တွေ ဖျက်ဆီးမှုကြောင့် ထောင်ပေါင်းများစွာသော အရပ်သားတွေ အိုးအိမ်စွန့်ခွာရတယ်ဆိုတဲ့သတင်းက ကျွန် တော့်ကို အလွန်အမင်း အထိတ်တလန့်ဖြစ်စေပါတယ်” လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ ဗော်လ်ကာတပ်ခ်က ပြောပါတယ်။
ဆိုးရွားသော ချိုးဖောက်မှုတွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေရရှိရေး ပူးပေါင်း ဆောင်ရွက်ဖို့ ကုလသမဂ္ဂက ကြိုးပမ်းနေတယ်လို့ သူက ဆိုပါတယ်။
“ရခိုင်နဲ့ရိုဟင်ဂျာကြား လူမျိုးစုတင်းမာမှုတွေကြောင့် အခုလိုအချိန်မှာ ရာဇဝတ်မှုတွေ ထပ်မံဖြစ် လာနိုင်ပါတယ်” လို့ သူက သတိပေးပါတယ်။
တိုက်ပွဲကို ရပ်ဆိုင်းဖို့၊ အရပ်သားတွေကို ကာကွယ်ပေးဖို့၊ လူသားချင်းစာနာမှု အကူအညီ ပေး အပ်ခွင့်ပြုဖို့နဲ့ အပြည်ပြည်ဆိုင်ရာဉပဒေကို ချွင်းချက်မရှိ လိုက်နာဖို့ ၎င်းက မြန်မာစစ်တပ်နဲ့ အာရက္ခ တပ်တော် (AA) ကို တောင်းဆိုလိုက်ပါတယ်။
ခိုလှုံခွင့်တောင်းခံလာတဲ့ ရိုဟင်ဂျာပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့လည်း ၎င်းက အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မေတ္တာရပ်ခံခဲ့ပါတယ်။
ကိုးကား – TRT World
Ref; UN warns of further ‘atrocities’ against ethnic Rakhine in Myanmar
#Ayeyarwaddy_Times