ဧရာဝတီတိုင်းမ်
မေ ၂၁ ရက်

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနဲ့ ဟားမာစ်အဖွဲ့ခေါင်းဆောင် ယာရာဆင်ဝါတို့ အ ပါအဝင် လူပုဂ္ဂိုလ်ငါးဉီးအတွက် ဖမ်းဝရမ်းတွေ ထုတ်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) မှ ရှေ့ နေတစ်ဉီးက လျှောက်ထားလိုက်ပါတယ်။

ICC ရှေ့နေ ကာရင်ခန်းက မေလ ၂၀ ရက်မှာ ကြေညာချက်တစ်ရပ်အတွင်း အခုလို ထုတ်ပြန်ခဲ့ တာဖြစ်ပါတယ်။

အဆိုပါလူပုဂ္ဂိုလ်ငါးဉီးဟာ အစ္စရေးနဲ့ ဟားမာစ်အဖွဲ့ကြား ပဋိပက္ခမှာ စစ်ရာဇဝတ်မှုတွေနဲ့ လူ သားမဆန်သော ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ သူက ပြောပါတယ်။

ICC က ဖမ်းဝရမ်းထုတ်ဖို့ ကာရင်ခန်း လျှောက်ထားသူတွေထဲမှာ အစ္စရေး ကာကွယ်ရေးဝန် ကြီး Yoav Gallant နဲ့ ဟားမာစ်အဖွဲ့မှ အခြားနှစ်ဉီးလည်း ပါဝင်ပါတယ်။

ICC အဖွဲ့ဝင်တွေက ကာရင်ခန်းရဲ့ အဆိုပြုချက်က အထောက်အထားတွေ ခိုင်လုံမှုရှိ မရှိ စစ် ဆေးပြီးရင် တရားရုံးက ဖမ်းဝရမ်းတွေ ထုတ် မထုတ် ဆုံးဖြတ်မှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ ကန့်ကွက်မှုတွေရှိလင့်ကစား အစ္စရေးက ဂါဇာတောင်ပိုင်း ရာဖာဒေသမှာ ထိုးစစ်ဆင်မှု ပြုလုပ်လျက်ရှိရာ ပြည်သူ သိန်းနဲ့ချီ အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။

ကိုးကား – NHK
Ref; ICC prosecutor files for arrest warrants for Netanyahu, Sinwar

#Ayeyarwaddy_Times