
ဧရာဝတီတိုင်းမ်
မေ ၂၁ ရက်
ရိုဟင်ဂျာအကျပ်အတည်း အဖြေဟာ ပြည်သူ့အခွင့်အရေးနဲ့ ဂုဏ်သိက္ခာရှိတဲ့ နေရပ်ပြန်ပို့ရေး ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟတ်ဆန်မာမွတ်က ပြောကြားလိုက်ပါတယ်။
ဒေသတွင်း အင်အားကြီးတိုင်းပြည်တွေအနေနဲ့ တရုတ်ရဲ့ ကြားဝင်မှုနဲ့ အိန္ဒိယနိုင်ငံရဲ့ ထိတွေ့ ဆက်ဆံမှု တိုးမြှင့်လာမှုက ရှုပ်ထွေးသော လုပ်ငန်းတစ်ရပ် ပြီးမြောက်ဖို့ အရေးပါတယ်လို့ သူက ဆိုပါ တယ်။
“အိန္ဒိယနဲ့တရုတ်လိုမျိုး ဒေသတွင်း အင်အားကြီးတိုင်းပြည်တွေက အရေးပါပါတယ်။ ကျွန်တော် တို့ အဲဒီတိုင်းပြည်တွေနဲ့ ထိတွေ့ဆက်ဆံမှု တိုးမြှင့်နိုင်ရင် ရိုဟင်ဂျာအရေးကို ဖြေရှင်းနိုင်မှာပါ” လို့ ဒါ ကာမြို့တော်ရှိ သတင်းထောက်အသင်းမှာပြုလုပ်တဲ့ ရိုဟင်ဂျာအရေး ဆွေးနွေးပွဲမှာ သူက ပြောပါတယ်။
မကြာသေးမီက လာရောက်တဲ့ ခရီးစဉ်အတွင်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒေါ်နယ်လ်လူက ရိုဟင်ဂျာအရေး ကိုင်တွယ်ဖြေရှင်းဖို့ အကြံပြုချက်အချို့ ပေးခဲ့တယ်လို့ ၎င်းက ဆက် ပြောပါတယ်။
ကမ္ဘာ့နိုင်ငံတွေရဲ့ ဖိအားပေးမှုကြောင့် မြန်မာစစ်ကောင်စီ အာဏာပိုင်တွေက ရိုဟင်ဂျာတွေ နေ ရပ်ပြန်ပို့ရေးလုပ်ငန်းစဉ် စတင်လိုတဲ့ဆန္ဒရှိနေတယ်လို့ ဟတ်ဆန်မာမွတ်က ဆိုပါတယ်။
ဂမ်ဘီယာနိုင်ငံက မြန်မာကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ကို ရိုဟင်ဂျာ လူမျိုးသုဉ်း သတ်ဖြတ်မှုနဲ့ တရားစွဲဆိုထားလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးမှာ မြန်မာနိုင်ငံ အပေါ် သံတမန်ရေးရာ ဖိအားပေးတဲ့နည်းလမ်းကို လုပ်ဆောင်ခဲ့တယ်လို့ သူက ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကမ္ဘာ့နိုင်ငံတွေရဲ့ ရန်ပုံငွေ ထည့်ဝင်ကူညီမှုက ဒီနှစ်အတွင်း လျှော့နည်းလာခဲ့တယ်လို့ သူက ဆိုပါတယ်။
“ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုတွေကြောင့် ရိုဟင်ဂျာတွေအတွက် ရန်ပုံငွေရရှိမှုဟာ ဒီနှစ် များလာဖို့ မျှော်လင့်ပါတယ်။ ဒီရန်ပုံငွေကိုလည်း ပွင့်လင်းမြင်သာစွာ သုံးစွဲပါတယ်” လို့ သူက ဖြည့်စွက်ပြောပါ တယ်။
ကိုးကား – Dhaka Tribune
Ref; India & China can resolve Rohingya crisis: Bangladesh Foreign Minister
#Ayeyarwaddy_Times