
ဧရာဝတီတိုင်းမ်
မေ ၂၁ ရက်
ဧရာ၀တီတိုင်း၊ လပွတ္တာမြို့တွင် မေလ ၂၀ရက်နေ့က ဘဲဥငံပြာရည်ချက်ဟင်းစားပြီး ၄၅ ဦး အစာဆိပ်သင့် မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
လပွတ္တာမြို့ရှိ လ/တောင်၊ ကွမ်းခြံကုန်း ၊ ချောင်းကလေး ၊အမှတ်(၉)ရပ်ကွက်နှင့်အမှတ် (၃) ရပ်ကွက်တို့မှဆောက်လုပ်ရေးလုပ်သားများသည် လုပ်ငန်းခွင်က ပေးသည့်ဘဲဥငံပြာရည်ချက်ဟင်းကို နေအိမ်များတွင်စားပြီး အစာအဆိပ်သင့်မှုဖြစ်ပွါး၍ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရှိရသည်။
“အန်တာတို့ ၊ ခေါင်းမူးတာတို့ဖြစ်ကြတာ ဘဲဥငံပြာရေချက် တစ်မျိုးပဲ စားကြတာ နေအိမ်တွေ ပြန်စားကြတော့ မိသားစုတွေပါ ဖြစ်ကုန်တာ ကလေး ၁၁ဦးပါတယ်”ဟု လူမှုကူညီရေး အဖွဲ့၀င်တစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။
လက်ရှိအစာအဆိပ်သင့်မှုဖြစ်ပွားသော ဘဲဥငံပြာရည်ချက် ဟင်းသည် လူအများ စားသုံးလေ့ရှိသည့် ဟင်းဖြစ်ပြီး ဟင်းချက်ရာတွင် ထည့်သော ဆေးဆိုးထားသောအရောင်တင်မှုန့်နှင့် မှိုတက် နေသည့်ငရုတ်သီးများ ထည့်မိခြင်းကြောင့် အစာအဆိပ်သင့်ခြင်းဖြစ်နိုင်ကြောင်း ဆရာ၀န်တစ်ဦးမှ သုံးသပ်သည်။
အစာအဆိပ်သင့်လူနာ၄၅ဦးကို လူမှုကူညီရေးအသင်းများမှ လပွတ္တာ ၃ မိုင် ကုတင် ၂၀၀ ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ပြီး မေလ၂၁ရက်နေ့တွင် လူကြီး၂၄ဦးသက်သာသဖြင့် ဆေးရုံမှပြန်ဆင်းခဲ့ပြီဟု သိရသည်။
ကလေးငယ်၁၁ဦးကို တစ်ရက်ခန့်ဆက်လက်စောင့်ကြည်နေပြီးအသက်အန္တရာယ်စိုးရိမ်ရသူ မရှိကြောင်း သိရသည်။
#လပွတ္တာမြို့ #ဆောက်လုပ်ရေးလုပ်သား #မိသားစုဝင်၄၅ဦး #ဘဲဥငံပြာရည်ချက်စားပြီး #အစာအဆိပ်သင့် #Ayeyarwaddy_Times