ဧရာဝတီတိုင်းမ်
မေ ၂၀ ရက်

ရဟတ်ယာဉ်တစ်စင်း ပျက်ကျမှုမှာ သမ္မတ အီဘရာဟင်ရိုင်စီ သေဆုံးသွားခဲ့တယ်လို့ အီရန် နိုင် ငံပိုင်မီဒီယာတွေက အတည်ပြုပါတယ်။

ရဟတ်ယာဉ်ဟာ အဇာဘိုင်ဂျန်နယ်စပ်အနီး အီရန်နိုင်ငံမြောက်ပိုင်းပြည်နယ်တစ်ခုမှာ တနင်္ဂနွေ နေ့က မြူနှင်းထူထပ်မှုကြောင့် ပျက်ကျသွားခဲ့တာဖြစ်ပါတယ်။

အီရန် နိုင်ငံခြားရေးဝန်ကြီး ဟော်စိန်အမီအဒိုလာဟီရန် အပါအဝင် ရဟတ်ယာဉ်ပေါ်ပါသူအား လုံး သေဆုံးခဲ့တယ်လို့ အီရန် နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပါတယ်။

ရိုင်စီနဲ့ အဒိုလာဟီရန်တို့ဟာ အဇာဘိုင်ဂျန်နယ်စပ်အနီး တာတမံစီမံကိန်းတစ်ခုကို စစ်ဆေးဖို့ သွားရောက်ရာမှာ အခုလိုဖြစ်စဉ် ကြုံတွေ့ခဲ့ရတာပါ။ ရဟတ်ယာဉ်ဟာ မပျံတက်မီ မြင်ကွင်း မရှင်းလင်း ခဲ့ဘူးလို့ ဓာတ်ပုံတစ်ပုံက ဖော်ပြပါတယ်။

ရဟတ်ယာဉ် ပျက်ကျပြီးနောက် ကယ်ဆယ်ရေးသမားတွေဟာ ပင်လယ်ရေပြင်အထက် ၂၅၀၀ မီတာရှိပြီး နှင်းခဲနေတဲ့ အေးမြသောရာသီဉတုကို အန်တုကာ တောင်ထူထပ်ရာဒေသမှာ ညပိုင်းအထိ ရှာ ဖွေရေး ပြုလုပ်ခဲ့ပါတယ်။

အသက် ၆၃ နှစ်အရွယ် ရိုင်စီဟာ ၂၀၂၁ ခုနှစ်၊ ဇွန်လမှာ သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။ သူဟာ ပြည်တွင်းနိုင်ငံရေးမှာ သဘောထားတင်းမာသော ကွန်ဆာဗေးတစ်တစ်ဉီးအဖြစ် လူသိများပြီး အသက် ၈၅ နှစ်အရွယ် အီရန်ခေါင်းဆောင် အယာတိုလာခါမေနီရဲ့ နေရာကိုဆက်ခံမယ့်သူလို့ ယူဆရပါ တယ်။

သံတမန်ရေးရာအရ ရိုင်စီဟာ အနောက်နိုင်ငံတွေကို ဝေဖန်လေ့ရှိသူဖြစ်ပြီး ဂါဇာအရေးမှာ ဟား မာစ်အဖွဲ့ကို ထောက်ခံကာ အစ္စရေးကို ထောက်ခံတဲ့ အမေရိကန်နိုင်ငံကို ကန့်ကွက်ခဲ့ပါတယ်။

ရုရှားက ၂၀၂၂ ခုနှစ်မှာ ယူကရိန်းကျူးကျော်စစ် စတင်ပြီးနောက် ရိုင်စီလက်ထက်မှာ အီရန်အစိုး ရဟာ ရုရှားနဲ့ စစ်ဘက်ဆက်ဆံရေး တိုးမြှင့်ခဲ့ပါတယ်။
ရိုင်စီ သေဆုံးမှုဟာ ကမ္ဘာ့နိုင်ငံတွေမှာ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ လေ့လာသူ တွေက ပြောပါတယ်။

ကိုးကား – NHK
Ref; Iranian president confirmed dead, state media says

#Ayeyarwaddy_Times