ဧရာဝတီတိုင်းမ်
မေ ၂၀ ရက်

သမ္မတ အီဘရာဟင်ရိုင်စီကို တင်ဆောင်လာတဲ့ ရဟတ်ယာဉ်တစ်စင်း တောင်ကုန်းထူထပ်တဲ့ ဧ ရိယာတစ်ခုမှာ ပျက်ကျခဲ့တယ်ဆိုတဲ့ သတင်းတစ်ရပ် ထွက်ပေါ်ပြီးနောက် အီရန်နိုင်ငံ အနောက်မြောက် ပိုင်းမှာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတစ်ရပ် လုပ်ဆောင်နေပါတယ်။

အဇာဘိုင်ဂျန်နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ နယ်စပ်ဒေသမှာ အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့တာလို့ အီ ရန်နိုင်ငံပိုင် ရုပ်သံသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ရဟတ်ယာဉ်ပေါ်မှာ နိုင်ငံခြားရေးဝန်ကြီး ဟော်စိန် အမီအဒိုလာဟီရန်းလည်း ပါရှိတယ်လို့ သိရပါတယ်။

မြူနှင်းလိုမျိုး ရာသီဉတုဆိုးရွားမှုကြောင့် ရဟတ်ယာဉ်ပျက်ကျတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တာလို့ အီ ရန်အစိုးရ အကြီးတန်းတာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် ရဟတ်ယာဉ်ပေါ်ပါ အမှုထမ်းတွေက အီရန်အစိုးရထံ ကြိမ်ဖန် များစွာ ဆက်သွယ်ခဲ့ကြတယ်လို့ နောက်ထပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အီဘရာဟင်ရိုင်စီဟာ အဇာဘိုင်ဂျန်သမ္မတ အီဟမ်အလီယက်ဗ်နဲ့အတူ တက်ရောက်ခဲ့တဲ့ ဆည် ဖွင့်လှစ်ပွဲ အခမ်းအနားတစ်ခုကနေ ပြန်လာခဲ့တာဖြစ်ပါတယ်။

ရဟတ်ယာဉ်ပေါ်ပါသူအားလုံး ဘေးကင်းလုံခြုံရေး အီရန်နိုင်ငံသားအားလုံးက ဆုတောင်းရမယ် လို့ အီရန်ခေါင်းဆောင်ကြီး အယာတိုလာခါမေနီက ပြောပါတယ်။

တိုင်းပြည်ကို စီမံခန့်ခွဲရာမှာ ထိခိုက်မှုရှိမှာကို အီရန်ပြည်သူတွေက စိုးရိမ်စရာမလိုဘူးလို့ သူက ဆက်ပြောပါတယ်။ ရိုင်စီ ဘေးကင်းရေးအတွက် ဆုတောင်းကြတဲ့ ပြည်သူတွေရဲ့ရုပ်သံကိုလည်း နိုင်ငံ ပိုင်ရုပ်သံဌာနက ဖော်ပြခဲ့ပါတယ်။

ကိုးကား – NHK
Ref; Iran president missing after helicopter makes hard landing

#Ayeyarwaddy_Times