
ဧရာဝတီတိုင်းမ်
မေ ၂၀ ရက်
ရန်ကုန်မြို့ နှင့် မန္တလေးမြို့များတွင် ပြည်သူ့ရင်ခွင်နှင့် တော်လှန်ရေးအဖွဲ့အစည်းများမှ ပူးပေါင်း၍ စစ်ကောင်စီက လူငယ်များကို အတင်းအဓမ္မတပ်သားသစ်စုဆောင်းခဲ့ပါ တန်ပြန်ဆောင်ရွက်နိုင်မည့် နည်းလမ်းများပါဝင်သည့် လက်ကမ်းစာစောင်များကို ယမန်နေ့ မေ ၁၉ ရက်နေ့က ဖြန့်ဝေခဲ့ကြောင်းသိရသည်။
အဆိုပါနည်းလမ်းများကို အခြေခံလူတန်းစားနှင့် လူလတ်တန်းစားများ အများဆုံးရှိသည့် လူစည်ကားရာ နေရာများတွင် ဖြန့်ဝေပေးခဲ့ပြီး ပိုစတာပေါင်း ၂၇၀၀ ကျော်ကို ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။
ဖြန့်ဝေပေးခဲ့ကြသည့် ပိုစတာများတွင် တပ်သားသစ်စုဆောင်းခံရပါက လက်နက်ယူဆောင်၍ တော်လှန်ရေးတပ်များနှင့် ပူးပေါင်းနိုင်စေရေး၊ PreCDM (အမာခံသတင်းပေး/ဖရဲသီး) ဖြစ်လာစေရေး၊ လွယ်ကူထိရောက်သည့် စစ်ကောင်စီအဆောက်အဦများအား မီးရှို့ဖျက်ဆီးနိုင်ရေး၊ စစ်ကောင်စီအရာရှိများအား တိုက်ပွဲတွင်း ချေမှုန်းနိုင်စေရေး၊ စစ်ကောင်စီ၏ ယုတ်မာရက်စက်မှုများကို မမေ့ပျောက်သွားစေရေးစသည့် ပညာပေး အချက်အလက်များ ပါဝင်ကြောင်းလည်း သိရသည်။
အဆိုပါ ပိုစတာဖြန့်ဝေခြင်းမျာကို Kyimyidaing Networks (KMD18)၊ Mayangone Democratic Front (MDF)၊ Owl Community၊ လင်းရောင်နီ (လူငယ် အဖွဲ့အစည်း)၊ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်၊ လူ့ဘောင်သစ်(လူငယ်အဖွဲ့အစည်း)၊ စမ်းချောင်းပင်မသပိတ် စစ်ကြောင်း စသည့်တော်လှန်ရေးအဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ဓာတ်ပုံ – ပေးပို့
#စာစောင် #အသိပညာပေး #တော်လှန်ရေးအဖွဲ့ဝေငှ #လူငယ် #စစ်ကောင်စီစစ်မှုထမ်း #Ayeyarwaddy_Times