ဧရာဝတီတိုင်းမ်
မေ ၁၈ ရက်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွာရှည်ရွာကို မီးရှို့သတ်ဖြတ်ပြီး ကိုင်းရွာဘက်ကို စစ်ကြောင်းထိုးလာ သည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်မှ ဗျူဟာမှူးအပါအဝင် ခြောက်ဦး သေဆုံးသွားကြောင်း သိရသည်။

ပြီးခဲ့သည့် မေ ၁၆ ရက်နေ့ နေ့လယ် ၁ နာရီ ၄၀ မိနစ် အချိန်ခန့်တွင် မြင်းခြံမြို့နယ် ရွာရှည်ရွာကို မီးရှို့ပြီး ကိုင်းဘးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပျူစောထီး ခြောက်ဦးသေ ဆုံးပြီး ၁၁ ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

“ရွာရှည်ရွာကို မီးရှို့ပြီး ကိုင်းရွာဘက်ကို ဆက်ပြီးစစ်ကြောင်းထိုးလာတဲ့အဖွဲ့ကို ပေပါမိုင်းနဲ့ မိုင်းဆွဲတိုက် ခိုက်ခဲ့တယ်။ ကင်းထောက်ပြီးတော့ ပြန်သိတာမှာ သေတဲ့အထဲမှာ ဗျူဟာမှူးပါတယ်။ နောက်ထပ် ခြောက်ယောက်ပါသေတယ်”ဟု ပုဂံပြည်ဘီလူးတပ်ဖွဲ့ တာဝန် ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲအတွင်း သေဆုံးခဲ့သူများနှင့် ဒဏ်ရာရရှိခဲ့သူ များကို စစ်ကောင်စီက သင်္ဘောဖြင့် ဆီးမီးခုံရွာဆိပ် ကမ်းဘက်သို့ သယ်ဆောင်သွားသည်ဟု သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူ ၁၁ ဦးထဲတွင် ခြေထောက်နှင့် လက်များပြတ်တောက်သွားပြီး အပြင်းအထန်ဒဏ်ရာရရှိသူ များပြားကြောင်း ၎င်းကပြောသည်။

“စစ်ကောင်စီဘက်က ဒဏ်ရာရတဲ့သူတွေနဲ့ သေတဲ့သူ တွေကို သင်္ဘောနဲ့ ဆီးမီးခုံဆိပ်ဘက်ကို သယ်သွား တယ်။ ကျွန်တော်တို့ဘက်က ပဒေသာမိုင်း သုံးလုံး၊ ပေပါမိုင်း တစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါစစ်ကောင်စီ စစ်ကြောင်းသည် ပြီးခဲ့သည် မေ ၁၃ ရက်နေ့ နံနက်ပိုင်းက ရွာရှည်ရွာကို ထိုးစစ်ဆင်ဝင် ရောက်တိုက်ခိုက်ပြီး ရွာကိုမီးရှို့ကာ ဒေသခံပြည်သူ လေးဦးကိုလည်း သတ်ဖြတ်ထားခဲ့သည့် စစ်ကြောင်းဖြစ် ကြောင်း သိရသည်။

ယခုကိုင်းရွာသို့ ဆက်ပြီး စစ်ကြောင်းထိုးလာသည့် အဆိုပါတပ်ဖွဲ့အား မိုင်းဆွဲတိုက်ခိုက်မှုကို ပုဂံပြည်ဘီလူးတပ်၊ NP9 PDF၊ မိုင်းရာဇာ၊ တလုတ် PDF၊ ONE PDF၊ MGN 9 Star တပ်ဖွဲ့တို့မှ ပူးပေါင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။

#မန္တလေး #မြင်းခြံ #ကိုင်းရွာ #စစ်ကောင်စီ #စစ်ကြောင်း #PDF #ပုဂံပြည်ဘီလူးတပ် #တိုက်ခိုက် #ဗျူဟာမှူး #၁၁ ဦး #သေဆုံး
#Ayeyarwaddy_Times