ဧရာဝတီတိုင်းမ်
မေ ၁၉ ရက်

ရုရှားက ထိုးစစ်ဆင်မှု အရှိန်မြှင့်လာနိုင်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက အေအက်ဖ်ပီ သတင်းဌာနဲ့ အင်တာဗျူးမှာ သတိပေးခဲ့ပြီး အနောက်နိုင်ငံတွေက မြန်ဆန်သော အဖြေတစ်ရပ်ရှာဖို့ တောင်းဆိုပေမယ့် ယူကရိန်းက မျှတသော ငြိမ်းချမ်းရေးတစ်ရပ်ကိုသာ လက်ခံမယ်လို့ ပြောပါတယ်။

မဟာမိတ်နိုင်ငံတွေက လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ၊ ဂျက်တိုက်လေယာဉ်တွေ ပိုပြီး ပေးပို့ဖို့ ဇီလန်စကီးက တောင်းဆိုခဲ့ပြီး ရုရှားရဲ့ အကြီးမားဆုံး အားသာချက်က ယူကရိန်းက ရုရှားပိုင် နက်ကို တိုက်ခိုက်ရာမှာ အနောက်နိုင်ငံတွေ လှူဒါန်းထားတဲ့ စစ်လက်နက်တွေကို အသုံးပြုခွင့်ပိတ်ပင် ထားတာလို့ ပြောပါတယ်။

စနေနေ့က စစ်မှုထမ်းဉပဒေ အသက်ဝင်လာပေမယ့် ယူကရိန်းတပ်ဖွဲ့ဝင်တွေကြား ပြဿနာတွေ ရှိနေတယ်လို့ ၎င်းက ဝန်ခံခဲ့ပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့လတွေအတွင်း ပုံမှန် နယ်မြေသိမ်းယူမှုတွေ ပြုလုပ်ခဲ့ပြီး ခါကတ်ဗ် ဒေသမှာ မေလ ၁၀ ရက်က စတင်ခဲ့တဲ့ ထိုးစစ်ဆင်မှုတစ်ခုအတွင်း အရှေ့မြောက်ပိုင်းနယ်စပ်တစ် လျောက်ရှိ ပိုမိုကြီးမားသော နယ်မြေတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေက ခုခံကာကွယ်ရေးလိုင်းမှာ ရုရှားတပ်ဖွဲ့တွေရဲ့ ထိုးဖောက်လာမှုကို ရပ် တန့်မယ်လို့ ဇီလန်စကီးက ဆက်ပြောပါတယ်။

“ဘယ်သူမှ လက်နက်မချဘူး” လို့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စတင်ခဲ့တဲ့ ရုရှားကျူးကျော်မှု နောက်ပိုင်း ယူကရိန်း တော်လှန်ရေးရဲ့ အဓိက ပဲ့ကိုင်ဖြစ်တဲ့ သူက ဆိုပါတယ်။

ပါရီအိုလံပစ်ပြိုင်ပွဲကာလအတွင်း အပစ်အခတ်ရပ်စဲဖို့ ပြင်သစ်သမ္မတ အီမန်နူရယ်မေခရွန်ရဲ့ တောင်းဆိုချက်ကို ဇီလန်စကီးက ပယ်ချခဲ့ပြီး ရုရှားအတွက် တပ်ဖွဲ့တွေနဲ့ လက်နက်ကြီးတွေ ရွှေ့ပြောင်း ဖို့ အချိန်ရသွားလိမ့်မယ်လို့ ပြောပါတယ်။

ယူကရိန်းနဲ့ အနောက်နိုင်ငံတွေက တူညီသောတန်ဖိုးတွေရှိလင့်ကစား မကြာခဏဆိုသလို မတူ ညီသောအမြင်တွေရှိတယ်လို့ သူက ထောက်ပြပါတယ်။

“အနောက်နိုင်ငံတွေက စစ်ပွဲမှာ ရုရှားရှုံးနိမ့်မှာကို ကြောက်ရွံ့သလို ယူကရိန်းကိုလည်း မရှုံးနိမ့် စေချင်ဘူး” လို့ ၎င်းက ဆိုပါတယ်။

ကိုးကား – NHK
Ref; Zelenskyy warns Russia could step up offensive: AFP interview

#Ayeyaewaddy_Times