ဧရာဝတီတိုင်းမ်
မေ ၁၉ ရက်

ဗီယက်နမ် ကွန်မြူနစ်ပါတီက ပြည်သူ့လုံခြုံရေးဝန်ကြီး တိုလမ်ကို သမ္မတအဖြစ်ခန့်အပ်ဖို့ အဆို ပြုကာ ခေါင်းဆောင်ပိုင်း အပြောင်းအလဲအတွင်း လွှတ်တော်အကြီးအကဲသစ်တစ်ဉီး ခန့်အပ်လိုက်တယ် လို့ ဗီယက်နမ်အစိုးရက ပြောပါတယ်။

တည်ငြိမ်သော နိုင်ငံရေးစနစ်ရှိတယ်လို့ နာမည်ကျော်တဲ့ တစ်ပါတီစနစ် အုပ်ချုပ်တဲ့ ဗီယက်နမ် နိုင်ငံမှာ ပြီးခဲ့သော ၁၈ လအတွင်း သမ္မတနှစ်ဉီးနဲ့ လွှတ်တော်နာယကတစ်ဉီး ရာထူးမှ နှုတ်ထွက်ခဲ့ပါ တယ်။

လာမည့်သီတင်းပတ်အတွင်း လွှတ်တော်က အတည်ပြုပြီးပါက အသက် ၆၆ နှစ်အရွယ် တိုလမ် က ခန့်အပ်ခံရပြီး တစ်နှစ်ကျော်အတွင်း ပါတီစည်းမျဉ်းများ ချိုးဖောက်မှုကြောင့် မတ်လအတွင်း ရာထူး မှနှုတ်ထွက်ခဲ့တဲ့ ဗိုဗန်သောင်ရဲ့နေရာကို အစားထိုးမှာဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံရဲ့ အာဏာအရှိဆုံး လူပုဂ္ဂိုလ်တစ်ဉီးအဖြစ် ယူဆရတဲ့ တိုလမ်ကို ဒီသီတင်းပတ် အစောပိုင်းမှာ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက ရွေးချယ်ခဲ့ပေမယ့် အာဏာပိုင်တွေနဲ့ နိုင်ငံပိုင်မီဒီယာ တွေက အဆိုပြုချက်ကို စနေနေ့ရောက်မှသာ ထုတ်ဖော်ပြောခဲ့တာပါ။

ဗီယက်နမ်နိုင်ငံမှာ သမ္မတရာထူးဟာ အခမ်းအနားတွေသာ တက်ရောက်ရတဲ့ အခန်းကဏ္ဍ ဖြစ် ပေမယ့် ထိပ်တန်း နိုင်ငံရေးရာထူး ၄ ခုအနက် တစ်ခုဖြစ်ပါတယ်။

တိုလမ်ကို သမ္မတအဖြစ် ခန့်အပ်မှုက ဗီယက်နမ်နိုင်ငံရဲ့ ထိပ်တန်းရာထူးဖြစ်တဲ့ ကွန်မြူနစ်ပါတီ အကြီးအကဲဖြစ်ဖို့ ဖြစ်နိုင်တဲ့ခြေလှမ်းတစ်ရပ်လို့ လေ့လာသူတွေက ရှုမြင်ကြပါတယ်။

ကွန်မြူနစ်ပါတီ အကြီးအကဲရာထူးဟာ ၂၀၂၆ ခုနှစ်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အသက်အ ရွယ်အိုမင်းနေပြီဖြစ်တဲ့ အထွေထွေအတွင်းရေးမှူး ငုရင်ဖုထရန်ဟာ တတိယသက်တမ်းမကုန်မီ နှုတ် ထွက်လာနိုင်ပါတယ်။

ဗီယက်နမ် ကွန်မြူနစ်ပါတီက ထရန်သန်မန်းကို ပါတီစည်းမျဉ်း ချိုးဖောက်မှုကြောင့် ပြီးခဲ့တဲ့လ အတွင်း နှုတ်ထွက်ခဲ့တဲ့ Vuong Dinh Hue ရဲ့နေရာမှာ အစားထိုးပြီး လွှတ်တော်ဉက္ကဌအဖြစ် အဆိုပြုခဲ့ပါ တယ်။

အသက် ၆၁ နှစ်အရွယ် ထရန်သန်မန်းဟာ ၂၀၂၁ ခုနှစ်ကတည်းက လွှတ်တော် ဒုတိယဉက္ကဌအ ဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

တိုလမ်နဲ့ ထရန်သန်မန်းတို့ကို သမ္မတနဲ့ လွှတ်တော်ဉက္ကဌအဖြစ် ခန့်အပ်ဖို့ အဆိုပြုမှုမှာ ကွန်မြူ နစ်ပါတီ ဗဟိုကော်မတီရဲ့ ထောက်ခံမှုကို အပြည့်အဝရရှိခဲ့တယ်လို့ ဗီယက်နမ်အစိုးရက ထုတ်ပြန်ချက် တစ်ခုအတွင်း ပြောပါတယ်။

ကိုးကား – VOA
Ref; Vietnam Communist party names security minister as president

#Ayeyarwaddy_Times