ဧရာဝတီတိုင်းမ်
မေ ၁၈ ရက်

လက်ရှိမှာ ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော် ခါကတ်ဗ်ကို သိမ်းပိုက်ဖို့ အစီအစဉ်မရှိ ပေမယ့် နယ်စပ်တစ်လျှောက် ကြားခံဇုန်တစ်ခု ဖန်တီးဖို့ရည်ရွယ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် က ပြောပါတယ်။

ပူတင်ဟာ သောကြာနေ့က တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ဟာဘင်းမြို့တော်မှာ ရုရှားမီဒီယာ တွေရဲ့ မေးမြန်းမှုကို အခုလို ဖြေကြားခဲ့တာပါ။

ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းအရှေ့ပိုင်းရှိ ခါကတ်ဗ်မြို့မှာ ထိုးစစ်ဆင်မှု အရှိန်မြှင့်နေပြီး နယ် စပ်ကိုဖြတ်ကျော်ကာ နေရာများစွာကို ထိန်းချုပ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ရုရှားက ခါကတ်ဗ်မြို့ကို သိမ်းပိုက်ဖို့ အစီအစဉ် ရှိ မရှိ မေးမြန်းရာမှာ “လက်ရှိမှာ ခါကတ်ဗ်မြို့ကို သိမ်းပိုက်မယ့် အစီအစဉ်မရှိသေးပါဘူး” လို့ ပူတင်က ဖြေပါတယ်။

ယူကရိန်းရဲ့ နယ်စပ်ဒေသတွေကို လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် အရပ်သားတွေ သေဆုံးမှု တွေ ဖြစ်ပေါ်ခဲ့လို့ “လုံခြုံရေးဇုန်တစ်ခု” ထူထောင်ဖို့ ရည်ရွယ်ထားတယ်လို့ သူက ဆက်ပြောပါတယ်။

ကြာသပတေးနေ့က ထိပ်သီးဆွေးနွေးမှုအတွင်း ယူကရိန်းအခြေအနေကို တရုတ်သမ္မတ ရှီကျင့် ဖျင်နဲ့ ဆွေးနွေးခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

ရှီကျင့်ဖျင်က သူ့ရဲ့ မကြာသေးမီက ဉရောပခရီးစဉ်အကြောင်း ရှင်းပြခဲ့ပြီး တရုတ်နိုင်ငံရဲ့ ငြိမ်း ချမ်းရေးအစီအစဉ်အပေါ် သူ့ရဲ့ရပ်တည်ချက်ကို ပြောကြားခဲ့တယ်လို့ ပူတင်က ပြောပါတယ်။

ရုရှားကျူးကျော်စစ် စတင်ကတည်းက ယူကရိန်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့ပြီး မတ်လ အတွင်း ပြုလုပ်ဖို့စီစဉ်ထားတဲ့ သမ္မတရွေးကောက်ပွဲကို ဆက်လက်မကျင်းပနိုင်ခဲ့ပေ။

နှစ်နိုင်ငံကြား အနာဂတ် သဘောတူညီချက်မှန်သမျှကို အာဏာပိုင်တွေနဲ့သာ လက်မှတ်ထိုးသင့် တယ်လို့ ပူတင်က သတင်းထောက်တွေကို ပြောပါတယ်။

ကိုးကား – NHK
Ref; Putin: No current plans to seize Kharkiv

#Ayeyarwaddy_Times