
ဧရာဝတီတိုင်းမ်
မေ ၁၈ ရက်
ဖိလစ်ပိုင်နိုင်ငံက မိမိပိုင်နက်ကို အားစိုက်ခွန်စိုက် ကာကွယ်စောင့်ရှောက်မယ်လို့ တရုတ်နိုင်ငံနဲ့ ရေကြောင်းအငြင်းပွားမှုကို ကိုးကားပြီး သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံရဲ့ ပိုင်နက်နယ်မြေကို လေးစားသမှုမရှိတဲ့ ကျူးကျော်သူတွေကို နိုင်ငံတကာအ သိုင်းအဝိုင်းရဲ့ ဉပဒေနဲ့ တာဝန်ယူမှုက ထိန်းကျောင်းမယ်လို့ ဘွဲ့ရဗိုလ်လောင်းတွေကို ပြောကြားတဲ့ မိန့် ခွန်းတစ်ခုအတွင်း သူက ပြောပါတယ်။
ဖာဒီနန်မားကို့စ်က ကျူးကျော်သူတွေဟာ မည်သူမည်ဝါဆိုတာ ထုတ်မပြောခဲ့ပေမယ့် တောင်တ ရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်နဲ့တရုတ်ကြား တင်းမာမှုတွေ အရှိန်မြှင့်လာခဲ့ပါတယ်။
တရုတ်က ရေအမြောက် အသုံးပြုတာကြောင့် ဖိလစ်ပိုင်သင်္ဘောအမှုထမ်းတွေ ဒဏ်ရာရရှိခဲ့သလို စစ်ဘက်သုံး လေဆာနဲ့ ဖိလစ်ပိုင်ရေယာဉ်တွေကို ထိုးတာဟာ အငြင်းပွားရေပိုင်နက်အတွင်း အန္တရာယ် များသောလုပ်ရပ်တွေလို့ ဖိလစ်ပိုင်က ပြောပါတယ်။
နှစ်စဉ် ရေကြောင်းကုန်သွယ်မှုပမာဏ ဒေါ်လာ ၃ ထရီလီယံရှိတဲ့ တောင်တရုတ်ပင်လယ်ရဲ့ ရေ ပိုင်နက်တွေကို ပိုင်ဆိုင်ကြောင်း တရုတ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်တို့က ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ အနုညာတခုံရုံးရဲ့ ၂၀၁၆ ခုနှစ် စီရင်ချက်အရ တရုတ်နိုင်ငံရဲ့ တောင်တရုတ် ပင်လယ်အတွင်း ပိုင်နက်နယ်မြေတောင်းဆိုမှုတွေဟာ ဥပဒေကြောင်းအရ ခိုင်မာမှုမရှိဘူးလို့ ဆိုပါတယ်။
ကိုးကား – Reuters
Ref; Philippines to vigorously defend territory, president Marcos says
#Ayeyarwaddy_Times