
ဧရာဝတီတိုင်းမ်
မေလ ၁၈ ရက်
ရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာသို့ ပြန်လည်ပို့ဆောင်မှု စတင်တဲ့လုပ် ငန်းစဉ်မှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (UNHCR) က အိန္ဒိယနဲ့တရုတ်ကို ပါဝင်စေ နိုင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဟတ်ဆန်မာမွတ်က ပြောပါတယ်။
“မြန်မာနိုင်ငံရဲ့ ပြည်တွင်းပဋိပက္ခတွေက ရာစုနှစ်နီးပါး ရှိနေပါပြီ။ ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေး နဲ့ပတ်သက်လို့ မြန်မာအပေါ် ထိရောက်သော ဖိအားပေးမှု မရှိပါဘူး” လို့ သူက ဆိုပါတယ်။
မေလ ၁၇ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ UNHCR ကိုယ်စား လှယ် Sumbul Rizvi နဲ့တွေ့ဆုံစဉ် သူက အခုလို ပြောကြားခဲ့တာပါ။
တွေ့ဆုံစဉ်အတွင်း Sumbul Rizvi က မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား လက်နက်ကိုင်ပဋိပက္ခတွေအကြောင်း ဟတ်ဆန်မာမွတ်ကို ရှင်းပြခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ ထွက်ပြေးလာတဲ့ မြန်မာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်လို့ ၎င်း တို့နှစ်ဉီးက ဆွေးနွေးခဲ့ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ပညာသင်ပေးတာအပြင် သက်မွေးဝမ်းကြောင်းသင်တန်းတွေ ဖွင့်လှစ်ပေးမှသာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရောက်ပါက အလုပ်အကိုင်တွေကို တည်ဆောက်နိုင်မယ်လို့ ဟတ်ဆန်မာမွတ်က ပြောပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေကို ဘာဆန်ရှားကျွန်းသို့ ပြန်လည်ရွှေ့ပြောင်းရေးနဲ့ ဒုက္ခသည်တွေအ တွက် နေအိမ်တွေကို ပုံမှန် ထိန်းသိမ်းမှုပြုလုပ်ဖို့လည်း ၎င်းက အကြံပြုပါတယ်။
ကိုးကား – BSS News
Ref; UNHCR may involve India, China more in Rohingya repatriation: Hasan