ဧရာဝတီတိုင်းမ်
မေ ၁၇ ရက်
ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့ စစ်လက်နက်တွေ ရုရှားသို့တင်ပို့နိုင်ဖို့ နည်းလမ်းတွေ ရှာဖွေနေ တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ညီမဖြစ်သူက ပယ်ချခဲ့ပါ တယ်။
ကင်ဂျုံအန်ဟာ ဒီလအစောပိုင်းမှာ ဒုံးကျည်ပစ်စင်တွေနဲ့ အခြား စစ်လက်နက်တွေထုတ်လုပ်မှု ကို စစ်ဆေးခဲ့ပါတယ်။ သူက စစ်လက်နက်တွေ ရုရှားသို့တင်ပို့ဖို့ နည်းလမ်းရှာနေတာလို့ ကျွမ်းကျင်သူ တွေနဲ့ တောင်ကိုရီးယားရှိ လေ့လာသူအချို့က ပြောပါတယ်။
“ကျွန်မတို့အတွက် အရေးကြီးဆုံးက စစ်လက်နက်တွေကို ကြော်ငြာဖို့ သို့မဟုတ် ပြည်ပတင်ပို့ဖို့ မဟုတ်ဘဲ စစ်ပွဲဆင်နွှဲနိုင်ရေး အဆင်သင့်ဖြစ်ဖို့ ပိုမိုကောင်းမွန်သော စစ်လက်နက်တွေ ထုတ်လုပ်ရေးပဲ ဖြစ်ပါတယ်” လို့ နိုင်ငံပိုင်သတင်းဌာန KCNA မှတစ်ဆင့် သတင်းထုတ်ပြန်ချက်တစ်ခုအတွင်း သူက ပြော ပါတယ်။
မြောက်ကိုရီးယားက ထုတ်လုပ်သော နည်းဗျူဟာမြောက်လက်နက်တွေဟာ ပြည်ပတင်ပို့ဖို့မ ဟုတ်ဘဲ တောင်ကိုရီးယားရန်ကိုကာကွယ်ရာမှာ အသုံးပြုဖို့လို့ ၎င်းက ဆိုပါတယ်။
ရုရှားနဲ့ မြောက်ကိုရီးယားကြား စစ်လက်နက်တွေ လွှဲပြောင်းပေးမှုအတွက် ရုရှားနိုင်ငံသားနှစ်ဉီး နဲ့ ရုရှားအခြေစိုက် ကုမ္ပဏီ ၃ ခုတို့ကို ဒဏ်ခတ်ပိတ်ဆို့ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက မေလ ၁၆ ရက်မှာ ကြေညာခဲ့ပါတယ်။
စစ်ရေးအကူအညီပေးမှုကြောင့် အပြန်အလှန်အားဖြင့် မြောက်ကိုရီးယားဟာ ရုရှားသို့ ပဲ့ထိန်းဒုံး ကျည်နဲ့ အခြားစစ်လက်နက်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ အမေရိကန်အစိုးရက စွပ်စွဲပါတယ်။
ကိုးကား – NHK
Ref; Kim Jong Un’s sister denies N.Korea’s possible weapons exports to Russia
#Ayeyarwaddy_Times