ဧရာဝတီတိုင်းမ်
မေ ၁၇ ရက်

အနောက်တောင်မုတ်သုံလေဝင်ရောက်ခါနီးအချိန်တွင် လေထုအပြောင်းအလဲများကြောင့် ယခုရက်ပိုင်းအတွင်း အပူချိန် ပြန်လည်မြင့်တက်နေရာတွင် မြို့ကြီး ၁၀ မြို့၏ နေ့အပူချိန်သည် မေ ၁၆ ရက်နေ့တွင် ၄၅ ဒီဂရီစင်တီဂရိတ်ရှိကာ အမြင့်ဆုံးအပူချိန်ဖြစ်နေကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနထံက ထုတ်ပြန်သည်။

မြင်းမူ၊ မကွေး၊ တံတားဦး၊ စစ်ကိုင်း၊ မြင်းခြံ၊ ရွှေဘို၊ ညောင်ဦး၊ မင်းဘူး၊ အောင်လံ၊ တောင်တွင်းကြီးမြို့တို့တွင် ၄၅ ဒီဂရီစင်တီဂရီတ်ရှိပြီး ချောက်မြို့တွင် ၄၆ ဒီဂရီစင်တီဂရိတ်ဖြစ်ကြောင်းသိရသည်။

မန္တလေးတွင် ၄၄ ဒီဂရီစင်တီဂရိတ်၊ နေပြည်တော် ၄၁ ဒီဂရီစင်တီဂရိတ်နှင့် ရန်ကုန် ၄၀ ဒီဂရီစင်တီဂရိတ်ဖြစ် ကြောင်း ထုတ်ပြန်သည်။

အဆိုပါမြို့များအပါအဝင် မြို့ကြီးများတွင် အပူချိန်ဆက်လက်မြင့်တက်မည်ဖြစ်ပြီး နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနထံက ထုတ်ပြန်သည်။

ယခုရက်ပိုင်းအတွင်းအပူချိန် ပြန်လည်မြင့်တက်လာမှုကို ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ ပိုမိုခံစားရပြီး အပူရှပ်မေ့လဲသူများနှင့် ခေါင်းမူးခေါင်းကိုက်ဝေဒနာခံစားရသူများရှိကြောင်းသိရသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်

#မြို့ကြီး ၁၀ မြို့#နေ့အပူချိန်အမြင့်ဆုံး# ၄၅ ဒီဂရီစင်တီဂရိတ်#
#Ayeyarwaddy_Times