
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၆ ရက်
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီ-ဝေါ်လေ ကားလမ်းပေါ်ရှိ သုံးထပ်ကွေ့အနီး ယနေ့ သြဂုတ်လ ၆ ရက်နေ့ နေ့လည် ၂ နာရီဝန်းကျင်တွင် ကျုးကျော်ရန်ကြိုးစားခဲ့ကြသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းကသတင်းထုတ်ပြန် သည်။
စစ်ကောင်စီတပ် တပ်မ ၄၄ လက်အောက်ခံများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်က ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး စစ်ကောင်စီတပ်က ၁ ဦးသေဆုံးကာ ၃ ဦးထက်မနည်း အပြင်းအထန် ဒဏ်ရာရရှိသည်ဟု ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီး၊လက်နက်ငယ်များဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကော်ဘရာစစ်ကြောင်းဘက်မှ ရဲဘော်များ တစ်စုံတရာဒဏ်ရာမရရှိပဲ ကြောင်း ကော်ဘရာစစ်ကြောင်းက ဆိုသည်။
ယမန်နေ့ သြဂုတ်လ ၅ ရက်နေ့ကလည်း စစ်ကောင်စီတပ်မ ၄၄ လက်အောက်ခံများနှင့် တနေကုန်နီးပါးတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်ဘက် ၁ ဦးသေ၊ ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါသေးသည်။
ဓာတ်ပုံ-ကော်ဘရာစစ်ကြောင်း