ဧရာဝတီတိုင်းမ်
မေ ၁၆ ရက်

ဧရာ၀တီတိုင်း ၊ လပွတ္တာမြို့၊အမှတ်(၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်းကို မေလ ၁၅ရက်နေ့ ည ၈နာရီ ၂၀ ခန့်က လက်ပစ်ဗုံးနှင့်ပစ်ခတ်ဖောက်ခွဲခံခဲ့ရသဖြင့် အုပ်ချပ်ရေးအဖွဲ့၀င် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

” ဆိုင်ကယ်နဲ့လာပစ်သွားတာ ထိသွားတဲ့သူတွေက အုပ်ချုပ်ရေးရုံးအဖွဲ့၀င်တွေ ဗုံးစမှန်တဲ့ဒဏ်ရာတွေနဲ့ ဆေးရုံမှာ ခုထိသတိမရသေးဘူး” ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦးသည်အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ ၀င်ရောက်ကာ လက်ပစ်ဗုံးဖြင့် ပစ်ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲ မှု ဖြစ်ပွါး၍ အုပ်ချုပ်ရေးအဖွဲ့၀င် ဦးကျော်ရင်နှင့်ကိုဘာဘူ ဆိုသူတို့ ဒဏ်ရာရရှိသွားပြီး လာရောက်ပစ်ခတ်သူများထွက်ပြေးလွတ်မြောက် သွားကြောင်း ရဲတပ်ဖွဲနှင့်နီးစပ်သူများထံမှ သိရှိရသည်။

ယခုကဲ့သို့ စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှုးရုံး တိုက်ခိုက်ခံရခြင်းနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို ထုတ်ပြန်ထားခြင်း မရှိသေးပါ။

ပြီးခဲ့သည့် ဧပြီလ ၃၀ရက်နေ့ကလည်း လပွတ္တာမြို့ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်၏ နေအိမ်အနီးတွင်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်နှင့်ရဲများမှ ရပ်ကွက်ပြည့်သူစစ်အဖွဲမှ နှစ်ဦးနှင့် မြို့ခံ လူငယ် နှစ်ဦးကိုဖမ်းဆီးထားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

#လပွတ္တာမြို့ #ရပ်ကွက်အုပ်ချုပ်ရေးရုံး #လက်ပစ်ဗုံးဖြင့်ပစ်ခံရ #အုပ်ချုပ်ရေးအဖွဲ့၀င်၂ဦး #ဒဏ်ရာရ #Ayeyarwaddy_Times