
ဧရာဝတီတိုင်းမ်
မေ ၁၆ ရက်
မြန်မာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီအင်အားစုတွေမှ အကြီးတန်း တာဝန်ရှိသူတွေဟာ တိုကျိုမြို့တော်သို့ လာရောက်ကာ အာဏာပိုင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီအင်အားစုတွေမှ ခေါင်းဆောင်တွေ က အာဏာသိမ်းစစ်ကောင်စီနဲ့ တိုက်ပွဲဝင်တွေမှုကို ရှင်းပြခဲ့ပြီး ဂျပန်နိုင်ငံမှ အကူအညီပေးဖို့ တောင်းဆို ခဲ့ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၃ ခုမှ ကိုယ်စားလှယ်တွေနဲ့ အမျိုးသားညီညွတ်ရေးအ စိုးရ (NUG) ဝန်ကြီးတစ်ဉီးတို့က မေလ ၁၅ ရက်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့ပါ တယ်။
မြန်မာ့ပိုင်နက်နယ်မြေ ၆၅ ရာခိုင်နှုန်းကို သိမ်းပိုက်ထားပြီလို့ NUG ပညာရေးနှင့် ကျန်းမာရေး ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ပြောပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုဖြစ်စဉ် ပြီးနောက် စစ်ကောင်စီကိုဆန့်ကျင်တဲ့ တော်လှန်ရေး စတင်ခဲ့ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေက အင်အားကြီးလာလေလေ မြန်မာစစ်တပ်က ပိုမို ရက်စက်လာလေ လေဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူအများအပြား သေဆုံးခဲ့ရတယ်လို့ ဒေါက်တာ ဇော်ဝေစိုးက ပြောပါတယ်။
မြန်မာစစ်တပ်နဲ့ မပူးပေါင်းရင် ပြည်သူတွေဟာ ဆေးဝါးနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ မရရှိနိုင် ဘဲ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ကယ်ဆယ်ရေးပစ္စည်းအများစုကို စစ်တပ်မှတစ်ဆင့် ထောက်ပံ့တာလို့ သူက ဆိုပါတယ်။
အကူအညီ လိုအပ်နေတဲ့ ပြည်သူတွေထံ လူသားချင်းစာနာမှုအကူအညီ တိုက်ရိုက် ပေးအပ်နိုင် မယ့် နည်းလမ်းတွေရှာဖွေကြဖို့ ဒေါက်တာ ဇော်ဝေစိုးက ဂျပန်အစိုးရကို တိုက်တွန်းခဲ့ပါတယ်။
ကိုးကား – NHK
Ref; Pro-democracy Myanmar groups call for aid in Tokyo
#Ayeyarwaddy_Times